ရုရှားနှင့် ယူကရိန်းနိုင်ငံအကြား ဖြစ်ပွားနေသည့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူသည် ရုရှား သို့မဟုတ် ယူကရိန်းခေါင်းဆောင်များနှင့် ဆွေးနွေးဖွယ်ရှိသည်ဟု နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဘိုင်ဒင်သည် နန်တပ်ကက်ကျွန်းတွင် အပန်းဖြေခရီးထွက်ချိန်အတွင်း ၎င်းအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင် သို့မဟုတ် ယူူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးတို့နှင့် ဆွေးနွေးမည်ဟုတ်၊မဟုတ် သတင်းထောက်များ၏ မေးမြန်းမှုကို ခံရချိန်တွင် သူကအရာအားလုံးဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးသည် နိုဝင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံသားများ ပါဝင်သည့် ၎င်းအားအာဏာသိမ်းရန် ကြံစည်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ဘိုင်ဒင်က သူ့အနေနှင့် စိုးရိမ်ကြောင်း ဖြေကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ယူကရိန်းရဲ့ နယ်နိမိတ်တည်တံ့ခိုင်မြဲမှုကို ထောက်ခံပါတယ်။ ယူကရိန်းရဲ့ ကိုယ်ပိုင်အုပ်ချုပ်နိုင်စွမ်းရှိမှုကို ထောက်ခံပါတယ်” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
ယူကရိန်း-ရုရှားအရေးနှင့် ပတ်သက်ပြီး ဘိုင်ဒင်၏ မှတ်ချက်စကားများ ထွက်ပေါ်မလာမီ အိမ်ဖြူတော်ကလည်း ယူကရိန်းနယ်စပ်တွင် ဖြစ်ပွားနေသည့် တင်းမာမှုများကို လျှော့ချရန် တိုက်တွန်းခဲ့သည်။
ယူကရိန်းနယ်စပ်တွင် ရုရှားက စစ်သားအင်အားတိုးမြှင့်နေချိန်တွင် သံတမန်ဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများဖြင့် တင်းမာမှုများကို လျှော့ချရန် အိမ်ဖြူတော်က နိုဝင်ဘာ ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်။
ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်သည် ယူကရိန်းသမ္မတဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ အန်ဒရီယာမာ့ခ်နှင့် ဆွေးနွေးခဲ့ကြသည်ဟု ဆူလေဗန်၏ ပြောရေးဆိုခွင့်ရှိသူ အမ်မလီဟွန်းက ပြောကြားခဲ့သည်။၎င်းတို့နှစ်ဦးသည် ယူကရိန်းနယ်စပ်အနီး ရုရှားစစ်တပ်၏ လှုပ်ရှားမှုများ၊ ယူကရိန်းနှင့်ပတ်သက်ပြီး ရုရှား၏ အပြောနှင့်အလုပ်မညီမှုများကို ဆွေးနွေးခဲ့ကြပြီး တင်းမာမှုများကို လျှော့ချရန် သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများဖြင့် လုပ်ဆောင်သင့်ကြောင်း သဘောတူခဲ့ကြသည်ဟု ဟွန်းကပြောကြားခဲ့သည်။
ဆူလေဗန်သည် ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ် တည်တံ့ခိုင်မြဲရေးတွင် အမေရိကန်၏ ခိုင်မာသည့် ကတိကဝတ်များကို အလေးထားပြောဆိုခဲ့သည်ဟု ၎င်းကဆိုသည်။
ရုရှားအစိုးရသည် ခရိုင်းမီးယားဒေသကို သိမ်းယူခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းဒေသတွင် ခွဲထွက်ရေးသမားများကို ထောက်ပံ့ပေးထားကာ တင်းမာမှုများမြင့်တက်နေမှုအတွက် ယူကရိန်းနှင့် အမေရိကန်တို့ကို ဝေဖန်ခဲ့ပြီး ရုရှားသည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်ကလည်း ရုရှားသမ္မတပူတင်သည် ယူကရိန်းအစိုးရသည် အရှေ့ပိုင်းဒေသတွင် တင်းမာမှုများ ပိုမိုမြင့်တက်စေရန်စသည့် လုပ်ရပ်များလုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဥရောပကောင်စီဥက္ကဌ ချားလ်စ်မီရှယ်ကို ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
