ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် တောင်အာဖရိကတွင် နောက်ဆုံးတွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ B.1.1.592 ကို Omicron ဟုအမည်ပေးခဲ့ပြီး စိုးရိမ်ရသည့် ဗိုင်းရပ်စ်မျိုးကွဲအုပ်စုတွင် ထည့်သွင်းခဲ့သည်။
WHO သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၂၆ ရက်က အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းဗိုင်းရပ်စ်မျိုးကွဲ၏ အန္တရာယ်များနှင့်တ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
Omicron ဗိုင်းရပ်စ်မျိုးကွဲသည် အခြားဗိုင်းရပ်စ်မျိုးကွဲများထက် ကူးစက်နိုင်သည့် အန္တရာယ်ပိုမိုမြင့်မားပုံပေါ်သည်ဟု WHO က ပြောကြားခဲ့သည်။
ထို့ကြောင့် နိုင်ငံများအနေဖြင့် ယင်းမျိုးကွဲနှင့်ပတ်သက်ပြီး အနီးကပ်လေ့လာစောင့်ကြည့်ရန်၊ နောက်ဆက်တွဲ ဖြစ်စဉ်များကို လေ့လာတွေ့ရှိချက်များကို သတင်းထုတ်ပြန်ကြရန် WHO က တိုက်တွန်းခဲ့သည်။
တောင်အာဖရိကတွင် နိုဝင်ဘာ ၂၄ ရက်က Omicron ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပြီး ဘော့ဆွာနာ၊ ဘယ်ဂျီယမ်၊ ဟောင်ကောင်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း ယင်းမျိုးကွဲကူးစက်မှုများကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် အမေရိကန်၊ ဗြိတိန် အပါအဝင် ဥရောပနိုင်ငံများနှင့် နိုင်ငံအချို့သည် တောင်အာဖရိကသို့ သွားရောက်မည့် ခရီးစဉ်များနှင့် တောင်အာဖရိကမှ ရောက်ရှိလာမည့် ခရီးစဉ်များကို တားမြစ်ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
