လွန်ခဲ့သောလက အာဏာသိမ်းမှုအတွင်း ဝန်ကြီးချုပ် ဖြုတ်ချခံခဲ့ရပြီးနောက် ၎င်းအားမူလရာထူး၌ ပြန်လည်ဝန်ထမ်းဆောင်စေခဲ့သော သဘောတူညီမှုတစ်ရပ်ကို ဆန့်ကျင်သည့် ဆန္ဒပြသူထောင်ပေါင်းများစွာကို နိုဝင်ဘာ ၂၅ ရက်တွင် ဆူဒန်လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပစ်ခဲ့သည်ဟု မျက်မြင်တွေ့သူများက ထုတ်ဖော်ပြောကြားသည်။
မြို့တော်ခါတွန်က ဆန္ဒပြသူများက “ပြည်သူက အစိုးရကို ပြုတ်ကျစေချင်ကြသည်” ဟု ကြွေးကြော်ခဲ့ကြပြီး ခါတွန်၏ အမြွှာညီနောင်မြို့ဖြစ်သော အွန်ဒါမန်တွင် ဆန္ဒပြသူများက “လူထုရဲ့အာဏာ၊ အရပ်သားအစိုးရဟာ လူထုရဲ့ ရွေးချယ်မှုဖြစ်တယ်” ဟု ကြွေးကြော်ခဲ့ကြသည်။
လုံခြုံရေးတပ်ဖွဲ့များသည် အွန်ဒါမန်တွင် ဆန္ဒပြသူများကို လူစုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့များကို အသုံးပြုခဲ့ပြီး အလယ်ပိုင်းပြည်နယ် နော့ကောဒိုဖန်တွင်လည်းကောင်း၊ နော့ဒါဖာပြည်နယ်တွင်လည်းကောင်း မျက်ရည်ယိုဓာတ်ငွေ့များကို သုံးခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောကြားသည်။
ဗိုလ်ချုပ် အဗ္ဗဒယ်ဖတ်တာအယ်လ် ဘာဟန်သည် အောက်တိုဘာ ၂၅ ရက်တွင် အာဏာသိမ်းခဲ့ကာ ဝန်ကြီးချုပ်အဗ္ဗဒါလာ ဟမ်းဒေါ့ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံတကာပြစ်တင်ရှုတ်ချမှုများနှင့် လူထုဆန္ဒပြပွဲပေါ်ပေါက်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် ၎င်းတို့လက်မှတ်ရေးထိုးခဲ့သော သဘောတူညီမှုဖြင့် ဗိုလ်ချုပ်ဘာဟန်ကဟမ်းဒေါ့ကို ဝန်ကြီးချူပ်ရာထူး ပြန်ပေးခဲ့သည်။
နိုဝင်ဘာ ၂၅ ရက်သည် စစ်အာဏာသိမ်းမှု တစ်လပြည့်သောနေ့ဖြစ်သည်။
“အာဏာသိမ်းခဲ့ပြီးတဲ့နောက်မှာ အသတ်ခံရတဲ့သူတွေအတွက် လက်စားချေပေးဖို့ တောင်းဆိုတဲ့အနေနဲ့ အစပိုင်းမှာ ကျွန်မဆန္ဒထွက်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မဟာ ဘာဟန်-ဟမ်းဒေါ့ သဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြနေပါတယ်” ဟု တောင်ခါတွန်မှ ဆန္ဒပြသူ ဆိုဟဲယားဟာမက်က AFP သတင်းဌာနကို ပြောကြားခဲ့သည်။
“အဲ့ဒီသဘောတူညီချက်ဟာ ပြည့်ဝတဲ့ အရပ်သားအစိုးရထံသွားမယ့် လမ်းကိုပိတ်ဆို့ထားပါတယ်။ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါနေတာကို ကျွန်မတို့ အလိုမရှိပါဘူး” ဟု ၎င်းကပြောသည်။
ဝက်မာဒါနီ၊ ကက်ဆားလာတို့ အပါအဝင် အခြားသောပြည်နယ်များနှင့် အနောက်ပိုင်းဒါဖာဒေသတို့တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ဆန္ဒပြပွဲစီစဉ်သူများသည် သေဆုံးသူ ၄၂ ဦးကို ဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာ ၂၅ ရက်ကို အာဇာနည်နေ့အဖြစ် ခေါ်ခဲ့သည်။
ညပိုင်းရောက်လာသည့်အခါ ခါတွန်နှင့် အခြားသော မြို့ကြီးများတွင် ဆန္ဒပြပွဲများ စတင်ကျဲပါးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုမှုအရသိရသည်။
ဆူဒန်နိုင်ငံရှိ ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများက ဟမ်းဒေါ့ကို သစ္စာဖောက်ဟု စွပ်စွဲခဲ့ကြပြီး စစ်ဘက်-အရပ်ဘက် အာဏာပိုင်အဖွဲ့ကို ဆက်လက်ဖိအားပေးသွားမည်ဟု အဓိဌာန်ပြုခဲ့ကြသည်။
၂၀၁၉ ခုနှစ်တွင် အာဏာရှင် အိုမာအယ်လ်ဘာရှာ ပြုတ်ကျသွားခဲ့ပြီးနောက် အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဟမ်းဒေါ့သည် ဗိုလ်ချုပ်ဘာဟန်နှင့် ရရှိခဲ့သော သဘောတူညီချက်ကို ကာကွယ်ပြောဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
