လာမည့်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကြပ်အတည်းကို မည်သို့မည်ပုံကိုင်တွယ် ဖြေရှင်းရန် စီစဉ်သည့် ကပ်ရောဂါ သဘောတူစာချုပ်တစ်ခုကို ဖန်တီးမည့်လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့ဝင်နိုင်ငံများက နိုဝင်ဘာ ၂၈ ရက်တွင် သဘောတူညီခဲ့ကြသည်။
ကပ်ရောဂါ ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ WHO ၏ သဘောတူညီချက်တစ်ရပ်ကို မူကြမ်းရေးဆွဲခြင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုများတွင် အစိုးရအချင်းချင်း တာဝန်ယူလုပ်ဆောင်ရန် အဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြသည်။
ကျွမ်းကျင်သူများက အချိန်နှင့်တစ်ပြေးညီ စိုးရိမ်နေကြသော လာမည့်ကပ်ရောဂါ အန္တရာယ်ကို မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်ရန် စီစဉ်သည့် နိုင်ငံတကာသဘောတူညီချက် တစ်ရပ်ကိုဆွေးနွေးရန် WHO အဖွဲ့ဝင်နိုင်ငံများသည် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ဂျနီဗာမြို့တွင် အစည်းအဝေး ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။
နိုဝင်ဘာ ၂၈ ရက်က မူကြမ်းဆုံးဖြတ်ချက်မှာ အစည်းအဝေးအတွင်း တရားဝင်ဖြစ်လာလိမ့်မည်ဖြစ်သည်။
ယင်းတွေ့ဆုံမှုသည် ကမ္ဘာတစ်ဝန်း၌ နှစ်နှစ်နီးပါးကြာ ကြုံတွေ့ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါကြီး ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေတွင်ဖြစ်ပြီး လက်ရှိစိုးရိမ်ရ ဗိုင်းရပ်စ်မျိုးကွဲသစ် Omicron ကူးစက်ပျံ့နှံ့နေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
ကပ်ရောဂါအတွင်း စီးပွားရေးထိခိုက်နစ်နာမှုနှင့် လူပေါင်းသန်းချီ သေဆုံးခဲ့ကြခြင်းသည် နောက်ထပ်ကပ်ရောဂါ ထပ်မံမဖြစ်ပွားလာစေရန်အတွက် ကာကွယ်နိုင်ရန်လုံလောက်ပြီး အားကောင်းသော နိုင်ငံတကာ ကာကွယ်မှုအသစ်များ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြသည်။
စာမျက်နှာသုံးမျက်နှာ ပါဝင်သည့် ဆုံးဖြတ်ချက်မူကြမ်းကို WHO ၏ ဝက်ဘ်ဆိုဒ်တွင် တင်ခဲ့သည်။
“ဒီနေ့ (နိုဝင်ဘာ ၂၈) မှာ WHO အဖွဲ့ဝင်နိုင်ငံတွေဟာ ကပ်ရောဂါသဘောတူ စာချုပ်တစ်ရပ်ကို ညှိနှိုင်းဆောင်ရွက်တာတွေ စတင်ဖို့တရားဝင် သဘောတူညီခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက ဒီသဘောတူညီချက်ကို နောက်တစ်နေ့မှာ တရားဝင်ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်” ဟု ဂျနီဗာမြို့ရှိ ဥရောပသမဂ္ဂ၏ သံတမန်ဆောင်ရွက်ချက်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
“လွန်ခဲ့တဲ့သီတင်းပတ်တွေက ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနဲ့ ခေါင်းဆောင်မှုအတွက် လိုအပ်ချက်တွေကို ပြသလိုက်တာပါ။ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပူးပေါင်းသဘောတူညီချက်တစ်ခု လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရမယ်” ဟု ၎င်းကပြောကြားခဲ့သည်။
WHO အဖွဲ့ဝင် ၁၉၄ နိုင်ငံက ယခုသီတင်းပတ်အတွင်းပြုလုပ်မည့် အစည်းအဝေးသည် လာမည့်ကပ်ရောဂါကို မည်သို့မည်ပုံ ကိုင်တွယ်ရန်အတွက် ရည်ရွယ်ပြုလုပ်သည့် မကြုံစဖူး အထူးအစည်းအဝေးတစ်ရပ်ဖြစ်သည်ဟု သိရသည်။
စာချုပ်တစ်ရပ် သို့မဟုတ် နောက်ထပ် ဖြေရှင်းချက်တစ်ရပ် ထွက်ပေါ်လာနိုင်မည့် နောက်ဆုံးရလဒ်ကို ၂၀၂၄ ခုနှစ်တွင် အဆုံးအဖြတ် ပေးသင့်သည်ဟု ဆိုသည်။
စိုးရိမ်ရမျိုးကွဲသစ် Omicron နှင့်ဆက်နွှယ်၍ ခရီးသွားလာမှု ကန့်သတ်ချက်များ ထုတ်ပြန်ထားသည့်ကြားမှ ယင်းအထူးအစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
