PCR စစ်ဆေးမှုများသည် COVID-19 မျိုးကွဲသစ် Omicron ကူးစက်ခံထားရကြောင်း ထောက်လှမ်းသိရှိနိုင်ပြီး ယင်းစိုးရိမ်ရ မျိုးကွဲသစ်ကူးစက်ခံထားရကြောင်း အခြားစစ်ဆေးမှုနည်းလမ်းများတွင်လည်း သိရှိနိုင်ခြင်း ရှိ၊မရှိ သုတေသနလေ့လာမှုများ ပြုလုပ်နေကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
“ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ PCR စစ်ဆေးမှုနည်းလမ်းဟာ Omicron မျိုးကွဲသစ် ကူးစက်ခံရမှု အပါအဝင် ကူးစက်မှုတွေကို ဆက်လက်ထောက်လှမ်းနိုင်ပါတယ်” ဟု WHO က ဗိုင်းရပ်စ်မျိုးကွဲသစ်နှင့်ပတ်သက်၍ နောက်ဆုံးသိရှိမှု ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
“Antigen Test အပါအဝင် အခြားစစ်ဆေးတဲ့ နည်းလမ်းတွေဟာ Omicron မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း သိရှိနိုင်ခြင်း ရှိ၊မရှိကိုတော့ ဆက်လက်လေ့လာနေပါတယ်” ဟု ၎င်းကဆိုသည်။
ယခုလအစောပိုင်းက အာဖရိကတောင်ပိုင်းတွင် ပထမဆုံးထောက်လှမ်းတွေ့ရှိခဲ့သည့် Omicron ဗိုင်းရပ်စ်မျိုးကွဲသစ်သည် စိုးရိမ်ရမျိုးကွဲတစ်ခုအဖြစ် WHO က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Omicron ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ကမ္ဘာတစ်ဝန်းကူးစက်ပျံ့နှံ့နေသည့် ဒယ်တာမျိုးကွဲနှင့်အတူ ကူးစက်မှုအဆိုးရွားဆုံးစာရင်းတွင် ထည့်သွင်းခံခဲ့ရခြင်းဖြစ်သည်။
ဥရောပသမဂ္ဂအကြီးအကဲက အစိုးရများအနေဖြင့် Omicron ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကောင်းစွာနားလည်နိုင်ရန် အလျင်အမြန် လုပ်ဆောင်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ချိန်တွင် နိုဝင်ဘာ ၂၈ ရက်က ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်သည် ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့နေသောကြောင့် နယ်စပ်များကို ပိတ်ထားခဲ့ပြီး ကန့်သတ်ချက် စည်းမျဉ်းအသစ်များကို ထုတ်ပြန်ထားခဲ့သည်။
WHO ၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်၌ Omicron ဗိုင်းရပ်စ်မျိုးကွဲသစ်သည် လူတစ်ဦးမှတစ်ဦးကို အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခြင်း ရှိ၊မရှိ သို့မဟုတ် ယင်းမျိုးကွဲသစ်သည် အခြားမျိုးကွဲများနှင့် နှိုင်းယှဉ်လျှင် ရောဂါအခြေအနေ ပိုမိုပြင်းထန်နိုင်ခြင်း ရှိ၊မရှိ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ဖော်ပြခဲ့သည်။
“လက်ရှိမှာတော့ Omicron နဲ့ ဆက်နွှယ်ပြီး ရောဂါလက္ခဏာတွေဟာ အခြားဗိုင်းရပ်စ်မျိုးကွဲတွေနဲ့ ကွာခြားမှုရှိ၊မရှိ အကြံပြုချက် တစ်စုံတစ်ရာ မထုတ်ပြန်နိုင်သေးပါဘူး” ဟု WHO က ဆိုသည်။
အာဖရိကရှိ WHO အကြီးအကဲက နိုင်ငံများအနေဖြင့် Omicron ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုကို ထိန်းချုပ်နေချိန်တွင် လေကြောင်းခရီးစဉ်များကို တားမြစ်မှုထက်သိပ္ပံနည်းကျ ထုတ်ပြန်ချက်တွေကို လိုက်နာကြရန် တိုက်တွန်းပြောကြားခဲ့သည်။
“လက်ရှိကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ နေရာအနှံ့အပြားမှာ Omicron မျိုးကွဲသစ်ကူးစက် ပျံ့နှံ့နေခြင်းနဲ့အတူ အာဖရိကကို ပစ်မှတ်ထားပြီး ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ချက်တွေဟာ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုကို ထိခိုက်စေပါတယ်။ဒီကန့်သတ်ချက်ဟာ အသက်ရှင်နေထိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းတွေအပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်” ဟု WHO ၏ အာဖရိကဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မက်ရှီဒီဆို မိုးတီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
