ရန်ကုန်- မန္တလေးအမြန်လမ်းမိုင်တိုင် ၃၅၄ မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသဖြင့် မော်တော်ယာဉ်များ ပိတ်မိနေကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသည့် မော်တော်ယာဉ်မောင်းအချို့က ပြောကြားသည်။
“ရေကဆက်တက်နေတုန်းပဲ။ ရန်ကုန်ကို ပြန်ဆင်းမယ့်ကားတွေရော အတက်ကားတွေရော အကုန်ပိတ်မိနေတယ်။ ရေကတော့ မကျတဲ့အပြင် ပိုတောင်တိုးလာတယ်” ဟု ရန်ကုန်- မန္တလေး ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
ရန်ကုန်- မန္တလေး တံတားဦးမြို့အနီး မိုင်တိုင်း ၃၅၄၊ ၃၅၅၊ ၃၅၆ တို့မှ စတင်ကာ အမြန်လမ်းပေါ်တွင် ရေကျော်နေခြင်းဖြစ်ပြီး ခရီးသည်တင်မော်တော်ယာဉ်များ သွားလာခြင်းမပြုနိုင်ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
“လမ်းကြောတဖက်ကတော့ နည်းနည်းသွားလို့ရသေးတယ်။ ပိတ်တာကတော့ ရန်ကုန်ဘက်အဆင်း ကားတွေတော့ လုံးဝကို သွားလို့မရတာ”ဟု ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။
အလားတူ ရန်ကုန်မြို့မှ အထက်ပိုင်းမြို့များဖြစ်သည့် မန္တလေး၊ ပျော်ဘွယ် အစရှိသည့်မြို့များသို့ ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လိုင်းများမှာလည်း ပြေးဆွဲမှု ယာယီရပ်ထားပြီး မော်တော်ယာဉ် လက်မှတ်ခများကို ပြန်အမ်းနေကြောင်း သိရသည်။
“ပျော်ဘွယ်မှာရှိတဲ့ အိမ်ကို ခဏပြန်တဲ့ အစ်မဟိုမှာ ရေကြီးနေလို့ ပြန်မလာနိုင်သေးဘူး။ ယာဉ်လိုင်းက လက်မှတ်ခတွေ ပြန်ပေးတယ်။ အခုထိတော့ ဖုန်းအဆက်အသွယ်ရသေးတယ်။ သူတို့ဆီက နှမ်းတွေ၊ ပဲတွေတော့ ကုန်ပြီတဲ့။ ပဲတွေဆို အညှောင့်တောင် ပေါက်ကုန်ပြီတဲ့။ ရန်ကုန်ကိုလည်း ပြန်လာလို့မရသေးဘူး။ ယာဉ်လိုင်းတွေလည်း မထွက်တော့ဘူးတဲ့”ဟု ရန်ကုန်မြို့တွင် ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၊ ရှမ်းပြည်နယ် အစရှိသည့်ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး အကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
