ဇီးကုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စက်တင်ဘာ ၁၃ ရက်က ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားရပြီး ရန်ကုန်-ပြည်ကားလမ်းတွင်လည်း ရေကျော်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းနှင့် ဘော်ဘင်ချောင်းတို့မှ တောင်ကျရေလျှံတက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်တွင် မင်းဘူးချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားကြီးကုန်းအုပ်စု၊ သင်ကန်အုပ်စု၊ ကန္တလီအုပ်စု၊ ကဇင်းကြီးအုပ်စုတို့နှင့် ဘော်ဘင်ချောင်းတစ်လျှောက်ရှိ သပြေစိန်အုပ်စု၊ ဘဲအင်းအုပ်စု၊ သရက်တပင်အုပ်စုတို့ရှိ နေအိမ်နှင့်ခြံဝန်းများအတွင်းသို့ ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၈/၂)တွင် ကားလမ်းပေါ်ရေ ရှစ်လက်မခန့်ကျော်လျက်ရှိကြောင်း သိရသည်။
ယင်းအတွက်ကြောင့် သွားလာလှုပ်ရှားနေသော မော်တော်ယာဉ်နှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး၊ သတိပေးဆောင်ရွက်ခြင်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရေဝင်ရောက်မှုကြောင့် ကန္တလီကျေးရွာ၊ စိန်ဘုံသာကျေးရွာ၊ ရှားဖြူကုန်းကျေးရွာ၊ သစ်မျှောကြီးကျေးရွာ(အ.မ.က)စာသင်ကျောင်းများနှင့် အ.ထ.က(မြို့မ)စာသင်ကျောင်းတို့အား ယာယီပိတ်ထားကြောင်းနှင့် ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များအား ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
