လူဦးရေ၏ ၇၀ ရာခိုင်နှုန်းထက်မနည်းအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပြီးသည့်တိုင် COVID-19 ကပ်ရောဂါကို ကျော်လွန်နိုင်မည်မဟုတ်ဟု WHO ၏ ဥရောပဆိုင်ရာ ဒေသတွင်းညွှန်ကြားရေးမှူး ဟန်းစ်ကလော့က မေ ၂၈ ရက်၌ သတိပေးခဲ့ပြီး ဥရောပ၏ကာကွယ်ဆေး ဖြန့်ချိထိုးနှံမှု နှေးကွေးနေမှုအပေါ် ဝေဖန်ပြောကြားခဲ့သည်။
နိုင်ငံများနှင့် ၎င်းတို့၏ ပြည်သူလူထုများအနေဖြင့် ကပ်ရောဂါနှင့် ပတ်သက်၍ မိမိကိုယ်ကိုယ် အားရကျေနပ်မှုမရှိကြရန် ၎င်းကသတိပေးခဲ့သည်။
“COVID-19 ကပ်ရောဂါကို ကျော်လွန်နိုင်ပြီလို့ တွေးမနေကြပါနဲ့” ဟု ကလေ့ာက အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်းကို မြှင့်တင်ရန်လိုအပ်ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့တွေအနေနဲ့ အနည်းဆုံးကာကွယ်ဆေးထိုးနှံပြီးသူ ၇၀ ရာခိုင်နှုန်းရှိနေမှသာ ကပ်ရောဂါကို ကျော်လွန်နိုင်မှာဖြစ်ပါတယ်” ဟု ကလော့က ပြောကြားခဲ့သည်။
ဗဟိုအာရှနိုင်ငံများ အပါအဝင် WHO ၏ ဥရောပဒေသတွင် ပါဝင်သောနိုင်ငံများနှင့် နယ်မြေ ၅၃ ခုတွင် လူဦးရေ၏ ၂၆ ရာခိုင်နှုန်းကိုသာ COVID-19 ကာကွယ်ဆေးပထမတစ်လုံး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ဥရောပသမဂ္ဂတွင် လူဦးရေ၏ ၃၆.၆ ရာခိုင်နှုန်းကို ကာကွယ်ဆေး တစ်လုံးထက်မနည်း ထိုးနှံပေးခဲ့ပြီး ၁၆.၉ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပေးခဲ့သည်ဟု အေအက်ဖ်ပီ၏ စစ်တမ်းတွင်ဖော်ပြခဲ့သည်။အဓိက စိုးရိမ်ဖွယ်အကြောင်းအရာများမှ တစ်ခုမှာဗိုင်းရပ်စ်မျိုးကွဲသစ်များ၏ ကူးစက်ပျံ့နှံ့မှုမြင့်တက်လာခြင်းဖြစ်သည်ဟု ကလော့က ဆိုသည်။
“ယခင်ကဗိုင်းရပ်စ်မျိုးကွဲထက်ပိုပြီး ကူးစက်နိုင်တဲ့ ဗြိတိန်ဗိုုင်းရပ်စ်မျိုးကွဲ B.117 ထက် အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ B.1617 ကပိုပြီး ကူးစက်မြန်တယ်ဆိုတာ ဥပမာတစ်ရပ်ပါပဲ” ဟု ၎င်းကပြောကြားခဲ့သည်။
WHO ၏အရေးပေါ်အကြီးအကဲ မိုက်ကယ်ရိုင်ယန်ကလည်း COVID-19 ကပ်ရောဂါ၏ မူလဇာစ်မြစ်ကိုဖော်ထုတ်ရန် လုပ်ဆောင်မှုကို နိုင်ငံရေးသဘောတရားများက ဝင်ရောက်ဟန့်တား နှောင့်ယှက်နေသည်ဟု မေ ၂၈ ရက်၌ သတိပေးခဲ့ပြီး သိပ္ပံပညာရှင်များအနေဖြင့် ယင်းပဟေဠိကို ဖြေရှင်းရန်အချိန်ယူ လုပ်ဆောင်ရန်လိုအပ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
“နိုင်ငံရေးကနေ သိပ္ပံပညာရပ်ကို ခွဲခြားပေးဖို့တောင်းဆိုချင်ပါတယ်။ အဖြေကိုရှာဖွေတဲ့အခါမှာလည်း ကျွန်တော်တို့တွေဟာ သင့်လျော်ပြီးကောင်းမွန်တဲ့ အခြေအနေပတ်ဝန်းကျင်ကို လိုအပ်ပါတယ်” ဟု၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီသည် COVID-19 ကပ်ရောဂါ၏ မူလဇာစ်မြစ်ကို စုံစမ်းမှုတွင် နောက်ထပ်အသေးစိတ် စုံစမ်းစစ်ဆေးမှုအသစ်များပြုလုပ်ရန် ဖိအားများနှင့် ရင်ဆိုင်နေရသော်လည်း နောက်တစ်ဆင့်စုံစမ်းမှုကို လုပ်ဆောင်ရန်အချိန်သတ်မှတ်ရခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
