ဗီယက်နမ်နိုင်ငံတွင် လေထုထဲမှ လျှင်မြန်စွာကူးစက်နိုင်သည့် ဗြိတိန်နှင့် အိန္ဒိယတို့မှ ဗိုင်းရပ်စ်မျိုးကွဲနှစ်မျိုးစပ်ဖြစ်သော ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုးကို တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ငုရင်သန်းလောင်က မေ၂၉ ရက်၌ပြောကြားခဲ့သည်။
ဗီယက်နမ်သည် လွန်ခဲ့သည့်နှစ်က ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် ဗိုင်းရပ်စ် ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရသည်။
ဗီယက်နမ်တွင် ဧပြီလကုန်ပိုင်းကတည်းက မြို့နှင့်ပြည်နယ်ပေါင်း ၆၃ ခုတွင် ၃၁ ခု၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၆၀၀ နီးပါးရှိပြီး ယင်းအရေအတွက်သည် နိုင်ငံတစ်ဝန်းဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း၏ ထက်ဝက်ကျော်ရှိသည်။
ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာအသစ်များကို မျိုးဗီဇစစ်ဆေးခဲ့ပြီးနောက် အိန္ဒိယနှင့် ဗြိတိန်တို့မှ ဗိုင်းရပ်စ်မျိုးကွဲများနှစ်မျိုးစပ်ထားသည့် ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ရပ်ကိုတွေ့ရှိခဲ့သည်ဟု ငုရင်သန်းလောင်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
“အသေးစိတ်ပြောရမယ်ဆိုရင်တော့ အခုတွေ့ရှိတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာမူလ ဗြိတိန်မျိုးကွဲက ပိုင်ဆိုင်တဲ့ မျိုးကွဲသစ်တွေနဲ့ အတူအိန္ဒိယမျိုးကွဲသစ်တစ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ဗီယက်နမ်တွင် ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ရပ် တွေ့ရှိကြောင်း မကြာမီကမ္ဘာတစ်ဝန်းသို့ ထုတ်ပြန်ကြေညာသွားမည်ဟုလောင်၏ ပြောကြားချက်ကို VnExpress အွန်လိုင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ဗီယက်နမ်တွင် ယခင်က B1222 ၊ B1619၊ D614G၊ B117 (ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲ)၊ B1351၊ A 231 နှင့် B16172 (အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ) စသည့် ဗိုင်းရပ်စ်မျိုးကွဲခုနစ်ခု ကူးစက်ခံရသူများ တွေ့ရှိခဲ့သည်။
ယခင် ဗိုင်းရပ်စ်မျိုးကွဲပုံစံများထက် ပိုမိုကူးစက်မြန်နိုင်သည့် ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်၏ ဓာတ်ခွဲစမ်းသပ်မှုအရ ထိုဗိုင်းရပ်စ်သည် ၎င်းကိုယ်တိုင် အလွန်လျင်မြန်စွာ ပုံတူပွားနိုင်ကြောင်းတွေ့ရှိခဲ့ပြီး ယင်းကဲ့သို့လုပ်ဆောင် နိုင်ခြင်းသည် အချိန်ကာလတိုတစ်ခုအတွင်း ကွဲပြားသည့် နေရာဒေသများတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်များ တွေ့ရှိနိုင်သည်ဟု လောင်ကပြောကြားခဲ့သည်။
ဗီယက်နမ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၆,၃၉၆ ဦးနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၄၇ ဦးရှိသည်။
ဗီယက်နမ်တွင် ၎င်း၏အကြီးမားဆုံး COVID-19 ဖြစ်ပွားမှုကို တိုက်ဖျက်နိုင်ရန် မေ ၂၆ ရက်က မြောက်ပိုင်းရှိ စက်မှုဇုန်မှစက်ရုံဝန်ထမ်းသိန်းချီကို ကာကွယ်ဆေးစတင်ထိုးနှံပေးနေသည်။
မြောက်ပိုင်းရှိ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အဆိုးရွားဆုံးဖြစ်သည့်ဘက်နင်းနှင့် ဘက်ဂျီရန်း ပြည်နယ်များတွင် တောင်ကိုရီးယား၏ နည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်း၏ စက်ရုံများအပါအဝင် အဓိကစက်ရုံအများအပြား တည်ရှိရာနေရာဖြစ်သည်။
ယင်းပြည်နယ်များတွင် မေ ၂၆ ရက်က ဝန်ထမ်းပေါင်းရာချီ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး နောက်ထပ်ဝန်ထမ်း ၂၄၀,၀၀၀ ဝန်းကျင်ကိုလည်း ကာကွယ်ဆေးထိုးနှံပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
