နိုင်ငံ၏ ကျန်းမာရေးစနစ်ကို ပြိုလဲလုနီးပါးဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ တစ်ရှိန်ထိုးမြင့်တက်နေခြင်းအား ကာကွယ်တားဆီးရန် တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံးအနှံ့ Lockdown ချမှတ်သွားမည်ဖြစ်ကြောင်း မလေးရှားအစိုးရအဖွဲ့က မေ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယခုလအစောပိုင်းတွင် ကျရောက်သည့် အိဒ်နေ့အားလပ်ရက်နှင့် ရာမာဒန် ဥပုသ်လအတွင်း မွတ်စလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံ၌ လူစုလူဝေး ပြုလုပ်ခြင်းများအပါအဝင် ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲပျံ့နှံ့မှုကြောင့် ပိုးတွေ့လူနာအရေအတွက်ကို တစ်ရှိန်ထိုးမြင့်မားစေခဲ့ဖွယ်ရှိကြောင်း မလေးရှားတာဝန်ရှိသူများက ဆိုသည်။
မေ ၂၈ ရက်တစ်နေ့တည်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ စံချိန်တင်ခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ် မူယက်ဒင်ယာဆင်၏ ရုံးက ဇွန် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးအနှံ့ Lockdown ချမှတ်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
Lockdown ချမှတ်မှုတွင် လူမှုရေး၊ စီးပွားရေးနှင့်သက်ဆိုင်သော လုပ်ငန်းကဏ္ဍများအားလုံးကို ပိတ်သိမ်းခိုင်းသည့်အချက်ပါဝင်ပြီး မရှိမဖြစ်လိုအပ်သော စီးပွားရေးလုပ်ငန်းများကိုသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပိတ်ပင်ကန့်သတ်ချက်များသည် ဇွန် ၁၄ ရက်အထိ သက်ဝင်လိမ့်မည်ဖြစ်ကြောင်း၊ ကူးစက်မှုနှုန်းကို ပိုမြင့်၊ ပိုမြန်စေသော ဗိုင်းရပ်စ်မျိုးကွဲများ၏ အန္တရာယ်ရှိနေခြင်းကြောင့် ယခုဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းဖြစ်ကြောင်း၊ နေ့အလိုက် ပိုးတွေ့လူနာအရေအတွက် မြင့်တက်လာသည်နှင့်အမျှ ကိုဗစ်လူနာများကို လက်ခံကုသနေသည့် နိုင်ငံတစ်ဝန်းမှ ဆေးရုံများတွင် ဝန်ပိနေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူဦးရေ ၃၂ သန်းနေထိုင်သော မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၄၉,၅၁၄ ဦးရှိပြီး သေဆုံးသူ ၂,၅၅၂ ဦးရှိသည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို ကမ္ဘာလုံးဆိုင်ရာအဆင့်ဖြင့် ချင့်တွက်ပါက မလေးရှားနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် မကြာသေးမီသီတင်းပတ်များအတွင်း ပိုမိုမြင့်မားခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်တွင် အသက်ရှုအထောက်အကူပြုကိရိယာ တပ်ဆင်ထားရသော လူနာအရေအတွက်မှာ စံချိန်တင်မြင့်တက်ခဲ့သည်ကို တွေ့ရသည်။
တစ်နိုင်ငံလုံးအနှံ့ Lockdown ချမှတ်မှုဖြင့် ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ကို လျှော့ချနိုင်ပါက ပိတ်ပင်ကန့်သတ်ချက်များကို တဖြည်းဖြည်းဖြေလျှော့ပေးမည့် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်သွားမည်ဟု မေ ၂၈ ရက်ကြေညာချက်တွင် ဖော်ပြထားသည်။
နှေးကွေးကြန့်ကြာနေမှုနှင့် ပရမ်းပတာ အခြေအနေများဖြစ်ပွားနေမှုတို့ကြောင့် ဝေဖန်ခံခဲ့ရသော မလေးရှားနိုင်ငံ၏ COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ပြီး Lockdown ချမှုကြောင့် အကျပ်အတည်းတွေ့နေသည့်ဒေသများသို့ ဘဏ္ဍာရေးအကူအညီများ ပေးပို့မည်ဟု မလေးရှားအာဏာပိုင်များက ကတိပြုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
