တရုတ်ဆေးကုမ္ပဏီ Sinopharm မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို ထိုင်းအစားအစာနှင့် ဆေးဝါးစီမံခန့့်ခွဲမှုဌာန (FDA) က ထိုင်းနိုင်ငံတွင်း၌ အသုံးပြုခွင့်ပေးခဲ့ပြီးနောက် ထိုင်းဘုရင်၏ အငယ်ဆုံးညီမဖြစ်သော မင်းသမီးကူလာဖွန် ဦးစီးသည့် Chulabhorn တော်ဝင်တက္ကသိုလ်က လာမည့်လတွင် Sinopharm ၏ ကာကွယ်ဆေးကို အလုံးရေ တစ်သန်းတင်သွင်းသွားမည် ဖြစ်ကြောင်း မေ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“စီးပွားရေးလုပ်ငန်း၊ စာသင်ကျောင်း တွေအတွက် လိုအပ်ချက်တွေကို ကျွန်တော်တို့ ဖြည့်ဆည်းပေးချင်ပါတယ်။ ဒါမှလည်း လုပ်ငန်းတွေ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်” ဟု Chulabhorn တော်ဝင်တက္ကသိုလ်မှ အတွင်းရေးမှူး နီထီမဟာနွန်က ပြောကြားခဲ့သည်။
ထိုင်းအစိုးရအဖွဲ့၏ COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အားဖြည့်ကူညီရန် အခြားသော COVID-19 ကာကွယ်ဆေးများကို နိုင်ငံတွင်းသို့ တင်သွင်းသွားမည်ဟု ယခုသီတင်းပတ်အစောပိုင်းတွင် Chulabhorn တော်ဝင်တက္ကသိုလ်က ကြေညာခဲ့သည်။
ထိုင်းအစိုးရ၏ တစ်နိုင်ငံလုံးအနှံ့ COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်မှာ ပရမ်းပတာအခြေအနေဖြစ်နေပြီး ဝေဖန်မှုကြီးကြီးမားမားနှင့် ရင်ဆိုင်နေရသည်။ ထိုကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို လာမည့်လတွင် စတင်ရန် စီစဉ်ထားကာ AstraZeneca ၏ဆေးနည်းဖြင့် ပြည်တွင်းဆေးကုမ္ပဏီ Siam Bioscience မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများကို အသုံးပြုထိုးနှံပေးသွားမည်ဖြစ်သည်။
Siam Bioscience ဆေးကုမ္ပဏီသည် ထိုင်းဘုရင် မဟာဝိဇယျလောင်ကွန်း ပိုင်ဆိုင်သော ဆေးကုမ္ပဏီဖြစ်သည်။
ဇွန်လတွင် AstraZeneca ၏ COVID-19 ကာကွယ်ဆေးအလုံးရေ ခြောက်သန်းနှင့် Sinovac မှ ထုတ်လုပ်သော ကာကွယ်ဆေးအလုံးရေသုံးသန်းကို လက်ခံရရှိမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က ဆိုသည်။
Sinopharm ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ထိုင်း FDA က မေ ၂၈ ရက်တွင် အရေးပေါ်အသုံးပြုခွင့်ပေးခဲ့ရာ ယင်းကာကွယ်ဆေးသည် AstraZeneca ၊ Sinovac ၏ CoronaVac ကာကွယ်ဆေး၊ Johnson & Johnson ၏ Janssen ကာကွယ်ဆေးနှင့် Moderna ကာကွယ်ဆေးများပြီးလျှင် ထိုင်းတွင် အရေးပေါ်အသုံးပြုခွင့်ရရှိခဲ့သော ပဥ္စမမြောက် COVID-19 ကာကွယ်ဆေး ဖြစ်လာခဲ့သည်။
ထိုင်းတွင် ဗြိတိန်မှ ဗိုင်းရပ်စ်မျိုးကွဲသစ် B117 ကူးစက်ပျံ့နှံ့မှုကြောင့် ပြီးခဲ့သည့်နှစ်လအတွင်း လူ ၁၄၄,၉၆၇ ဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီး လူ ၉၅၄ ဦး သေဆုံးခဲ့သည်။ လူဦးရေ ၆၆ သန်းရှိသည့် ထိုင်းနိုင်ငံတွင် လူတစ်သန်းကျော်သာ COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံထားရသေးသည်။
Chulabhorn တက္ကသိုလ်က ကာကွယ်ဆေးဝယ်ယူမည်ဟူသော သတင်းကို Royal Gazette သတင်းစာတွင် ဖော်ပြခဲ့မှုက COVID-19 ကာကွယ်ဆေး တင်သွင်းမှုကို တစ်ဦးတည်း လုပ်ဆောင်နေရသည်ဟု လက်ရှိအချိန်ထိ အခိုင်အမာပြောကြားနေကြသော ထိုင်းအစိုးရအဖွဲ့ဝင်အချို့ကို အံ့အားသင့်စေခဲ့သည်။
Chulabhorn ဝယ်ယူထားသော Sinopharm ကာကွယ်ဆေးတစ်သန်းကို အခြားသောအဖွဲ့အစည်းများလည်း ဝယ်ယူနိုင်ပြီး ကာကွယ်ဆေးကို အမြတ်တင်ရောင်းချခြင်းမရှိကြောင်း၊ ဝယ်လိုအားကို အခြေခံ၍ ကာကွယ်ဆေးပိုမိုဝယ်ယူရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း နီထီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
