ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့သည့် COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်များကို အတည်မပြုရသေးသည့် သတင်းများအရ နယ်မြေ ၁၈ ခုတွင် ထပ်တိုးတွေ့ရှိထားကြောင်း မေ ၂၅ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
အတည်မပြုရသေးသည့် သတင်းများအရ ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို နယ်မြေဒေသခြောက်ခု၊ တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို နယ်မြေဒေသကိုးခု၊ ဘရာဇီးနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို နယ်မြေဒေသသုံးခုတွင် တွေ့ရှိထားကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
ဗြိတိန်နှင့် တောင်အာဖရိကနိုင်ငံများတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်များသည် ကမ္ဘာ့နိုင်ငံအများအပြားသို့ ဆက်လက်ပျံ့နှံ့လျက်ရှိကြောင်း ၊ ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်သည် လက်ရှိအချိန်တွင် ၁၄၉ နိုင်ငံနှင့် ဒေသများသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ခြောက်နိုင်ငံသို့ ထပ်မံကူးစက်ပျံ့နှံ့ခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်သည် လက်ရှိအချိန်တွင် ၁၀၂ နိုင်ငံနှင့် ဒေသများသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး လွန်ခဲ့သောရက်သတ္တပတ်အတွင်း နိုင်ငံခြောက်နိုင်ငံသို့ ထပ်မံကူးစက်ပျံ့နှံ့ခဲ့ကြောင်း၊ ဘရာဇီးနိုင်ငံ၌စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၅၉ နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိသော်လည်း လွန်ခဲ့သောရက်သတ္တပတ်အတွင်း ထပ်မံကူးစက်သည့် နိုင်ငံတစ်နိုင်ငံရှိကြောင်း သိရသည်။
ရုရှားနိုင်ငံသားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများထိုးနှံကြရန် သမ္မတဗလာဒီမာပူတင်က မေ ၂၆ ရက်၌ တိုက်တွန်းချက်အသစ်တစ်ရပ်ထုတ်ပြန်ခဲ့သော်လည်း ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံရန်မလိုကြောင်း ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် သြဂုတ်လက ရုရှားသည် ၎င်း၏ Sputnik V ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံးကာကွယ်ဆေးအဖြစ် စာရင်းသွင်းခဲ့သော်လည်း မော်စကိုမြို့တော်နှင့် အခြားမြို့များတွင် ကာကွယ်ဆေးအပေါ် အယုံအကြည်ကင်းမဲ့မှုများသည် အဓိကပြဿနာတစ်ရပ်ဖြစ်နေကြောင်း သိရသည်။
မော်စကိုသည် လူအများအပြားကို ကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ် စတင်လုပ်ဆောင်ခဲ့သော ကမ္ဘာ့ပထမဆုံးမြို့တော်ဖြစ်ခဲ့သည်ဟု မြို့တော်ဝန်ဆာဂေးဆို ဘရန်နီကဆိုသည်။
လူဦးရေ ၁၂ သန်းရှိသော မော်စကိုမြို့တော်တွင် ၁ ဒသမ ၃ သန်းသာ ကာကွယ်ဆေး ထိုးနှံပြီးခဲ့ပြီးဖြစ်သည်။ ပူတင်ကမူ ရုရှား၏ ကာကွယ်ဆေးအပေါ် သံသယများကိုဖယ်ရှားရန်နှင့် ရုရှားကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများထက်ပို၍ ယုံကြည်ရကြောင်း နိုင်ငံသားများအား တိုက်တွန်းခဲ့သော်လည်း မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံရမည်ဟူသည့် ညွှန်ကြားချက်ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
