အီရတ်နိုင်ငံအား ကူညီထောက်ပံ့ရေး ကုလသမဂ္ဂမစ်ရှင် (UNAMI) အား ထပ်မံသက်တမ်းတိုးရန် ကုလလုံခြုံရေးကောင်စီက မေလ ၂၇ ရက်တွင် တညီတညွတ်တည်း မဲပေးခဲ့ကြပြီး အီရတ်အစိုးရ၏ တောင်းဆိုချက်အရ အောက်တိုဘာ ၁၀ ရက်တွင်ပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲများကိုလည်း စောင့်ကြည့်သွားမည်ဖြစ်သည်။
ထို့ကြောင့် အမေရိကန်က မူကြမ်းရေးဆွဲပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည့် ယင်းမစ်ရှင်သည် အီရတ်တွင် ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်အထိ ဆက်ရှိနေမည်ဖြစ်သည်။
ယင်းအစီအစဉ်အရ အီရတ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ကုလသမဂ္ဂ၏ မစ်ရှင်အဖွဲ့ကို ပိုမိုအင်အားတောင့်တင်းစေရန် ဝန်ထမ်းများထပ်မံခန့်ထားမည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် ဘက်ပေါင်းစုံမှ လေ့လာစောင့်ကြည့်သွားမည်ဖြစ်သည်။
ထို့ပြင် ကုလမစ်ရှင်အဖွဲ့သည် အီရတ်နိုင်ငံ၏ အချက်အခြာအာဏာကို လေးစားသည့် သဘောထားဖြင့် ကူညီပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“အီရတ်အစိုးရဟာ ရွေးကောက်ပွဲအတွက် အလုံးစုံလေ့လာစောင့်ကြည့်ရေး မစ်ရှင်အပါအဝင် အဲဒီထက်ပိုပြီး အကူအညီ လိုချင်နေပါတယ်” ဟု အမည်မဖော်လိုသည့် သံတမန်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနအား ပြောကြားခဲ့သည်။
သို့သော်လည်း လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံအချို့သည် အီရတ်ရွေးကောက်ပွဲ၌ ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှပါဝင်ရန် တွန့်ဆုတ်နေကြပြီး ကုလသမဂ္ဂအနေဖြင့် အီရတ်ရွေးကောက်ပွဲတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အလွန်များပြားမည့်အရေးအပေါ် စိုးရိမ်မှုများလည်း ထွက်ပေါ်နေသည်။
လုံခြုံရေးကောင်စီမှထုတ်ပြန်သည့် ကြေညာချက်အရ UNAMI သည် အီရတ်အစိုးရမှ ဖိတ်ကြားထားသည့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့များကို လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသင့်လျော်သည့် အကူအညီများ ထောက်ပံ့ပြီး တက်ကြွစွာ ပူးပေါင်းပါဝင်သင့်သည်ဟု ဖော်ပြခဲ့သည်။
ယင်းမစ်ရှင်တွင် အီရတ်ရွေးကောက်ပွဲ နေ့မတိုင်မီ မဲပေးမှုဆိုင်ရာ ပညာပေးသင်ကြားမှုများ၊ ရွေးကောက်ပွဲအတွက် အကြိုပြင်ဆင်မှုများကိုလည်း မဟာဗျူဟာကျကျ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မကြာသေးမီက အီရတ်နိုင်ငံနှင့် ပတ်သက်ပြီး ဗီဒီယိုဆက်သွယ်မှုဖြင့် ပြုလုပ်သည့် အစည်းအဝေးတွင် အီရတ်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျင်နီဟန်းနစ် ပလက်ချာရက်က အီရတ်အာဏာပိုင်များအား ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ ဂုဏ်သိက္ခာကို စောင့်ထိန်းရန် တောင်းဆိုခဲ့သည်။
၂၀၁၉ ခုနှစ်က အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် စွမ်းဆောင်ရည်တို့ကို ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးကတည်းက တက်ကြွလှုပ်ရှားသူပေါင်း ၇၀ ခန့်သည့် သတ်ဖြတ်ခံရခြင်း၊ သတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့် ပြန်ပေးဆွဲမှုတို့ဖြင့် ပစ်မှတ်ထားခံခဲ့ရသည်။ထို့ကြောင့် မကြာမီပြုလုပ်မည့် ရွေးကောက်ပွဲသည့် ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို ဖြေရှင်းပေးနိုင်မည့် ရွေးကောက်ပွဲ ဖြစ်သင့်သည်ဟု ဂျင်နီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
