လူငါးဦးထက်မနည်း သေဆုံးခဲ့ရသည့် ဆိုင်ကလုန်း Yaas ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်သူ ရွာသားသောင်းနှင့်ချီ ရေဘေးသင့်ခဲ့ကြောင်း နှစ်နိုင်ငံမှ တာဝန်ရှိသူများက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း Yaas သည် မေ ၂၆ ရက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၀ ကီလိုမီတာဖြင့် အိန္ဒိယအရှေ့ပိုင်း သြဒိဿပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ကာ မုန်တိုင်း၏လမ်းကြောင်းအတွင်း၌ တိုက်ရိုက်ရှိမနေသော်လည်းအနီးရှိ အနောက်ဘန်ဂေါပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဒီရေလှိုင်းများ မြင့်တက်ခဲ့သည်။
သြဒိဿပြည်နယ်ရှိ ကျေးရွာ ၁၂၄ ရွာမှ ရေဘေးသင့်ပြည်သူများထံ ကယ်ဆယ်ရေးဝန်ထမ်းများက အစားအစာနှင့်သောက်ရေများ ဖြန့်ဝေနေကြောင်း၊ သဘာဝဘေးအန္တရာယ်အတွင်း သြဒိဿပြည်နယ်၌ လူနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်၏ ထိပ်တန်းဗျူရိုကရက်အရာရှိ ဆူရာစ်မဟာပက်ထရာက ပြောကြားခဲ့သည်။
မုန်တိုင်း Yaas သည် သီတင်းတစ်ပတ်အတွင်း အိန္ဒိယသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဒုတိယမြောက် မုန်တိုင်းဖြစ်ပြီး ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်နေသည့် အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်နေရစဉ် မုန်တိုင်းများ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အနောက်ဘန်ဂေါပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် လူ ၅၀၀ç၀၀၀ ခန့် ခိုလှုံနေကြကြောင်း၊ ထိုစခန်းများတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာနိုင်သည့် အန္တရာယ်ကို လျှော့ချရန် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစီမံချက်များကို အဆင့်အလိုက် လုပ်ဆောင်ထားကြောင်း တာဝန်ရှိသူများက ဆိုသည်။
“ရေဘေးသင့်ပြည်သူတွေ ခိုလှုံနေတဲ့စခန်းမှာ COVID-19 ရောဂါလက္ခဏာတွေဖြစ်တဲ့ အဖျားကြီးတာ၊ လည်ချောင်းနာတာ၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာမျိုး ခံစားရတဲ့သူတွေကို အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ အခန်းတွေ ထားရှိပေးထားပါတယ်” ဟု ဂိုဆာဘာဒေသမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဒီရေလှိုင်းမြင့်တက်ခြင်းများကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
လူသုံးဦးသေဆုံးခဲ့ကြောင်း၊ နှစ်ဦးမှာ ရေနစ်သေဆုံးခြင်းဖြစ်ပြီး တစ်ဦးမှာလဲကျသော သစ်ပင်ဖြင့် ထိခိုက်မိ၍ သေဆုံးခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဆိုင်ကလုန်း Yaas သည် အိန္ဒိယရှိ ဂျာခန်ပြည်နယ်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ချိန် မေ ၂၇ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့သည်။
နီပေါတွင် မေ ၂၆ ရက်ကတည်းက မိုးအသည်းအထန်ရွာသွန်းနေပြီး တောင်ပေါ်ဒေသများတွင် မြေပြိုမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
