ရာစုနှစ်တစ်ခု၏ လေးပုံတစ်ပုံကာလအတွင်း နိုင်ငံရေးစနစ်ကို ကြီးကြီးမားမား ပြောင်းလဲပြင်ဆင်မှုအဖြစ် မေ ၂၇ ရက်တွင် ဟောင်ကောင်ဥပဒေပြုအာဏာပိုင်အဖွဲ့က ဟောင်ကောင်တွင် တရုတ်အစိုးရ၏ သြဇာအာဏာညောင်းစေရန် ကြိုးပမ်းမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြသည်။
ထိုပြောင်းလဲပြင်ဆင်မှုများတွင် ဟောင်ကောင်ဥပဒေပြုလွှတ်တော်ရှိ တိုက်ရိုက်မဲပေးရွေးချယ်မှုများမှတစ်ဆင့် တင်မြှောက်ရသော အမတ်နေရာထက်ဝက်ကို လေးပုံတစ်ပုံအောက်သို့ လျှော့ချသွားမည့်အချက် ပါဝင်လိမ့်မည်ဖြစ်သည်။ ယင်းနည်းဖြင့် ဖြစ်တည်လာသော ဥပဒေပြုအာဏာပိုင်အဖွဲ့သည် ကိုယ်စားလှယ်လောင်းများကို စိစစ်လိမ့်မည်ဖြစ်ကာ တရုတ်အစိုးရအား သစ္စာခံကြောင်းကို ပြည့်ပြည့်ဝဝမပြသဟု ယူဆရသည့် ကိုယ်စားလှယ်လောင်းများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်တားမြစ်လိမ့်မည် ဖြစ်သည်။
စာမျက်နှာ ၆၀၀ သို့မဟုတ် ထိုပမာဏနီးပါးရှိသော စာမျက်နှာအရေအတွက် ပါဝင်သည့် ဥပဒေပြဋ္ဌာန်းမှုကို မျိုးချစ်ပုဂ္ဂိုလ်များ အုပ်ချုပ်သည့် ဟောင်ကောင်ဟူသော စကားလုံးအနည်းငယ်ဖြင့် ဖော်ညွှန်းလျှင် လုံလောက်ကြောင်း တရုတ်အစိုးရလိုလားသော ဟောင်ကောင်ဥပဒေပြုလွှတ်တော် အမတ်ပီတာရှုက ပြောကြားခဲ့သည်။
လွှတ်တော်အမတ် ရွေးကောက်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ပြောင်းလဲပြင်ဆင်မှုအများစုကို မတ်လတွင် တရုတ်အစိုးရက ကြေညာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဟောင်ကောင်အာဏာပိုင်များက မဲဆန္ဒနယ်သတ်မှတ်မှုများကို ပြန်လည်ရေးဆွဲခြင်း၊ မည်သည့် ကိုယ်စားလှယ်လောင်းကိုမျှ မဲပေးထားခြင်း မရှိသော ဆန္ဒမဲလက်မှတ်အလွတ်များ ထည့်ဝင်မှုကို ပြစ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းခြင်းအပါအဝင် နောက်ထပ်အသေးစိတ်အချက်အလက်များကို ထည့်သွင်းခဲ့ကြသည်။
ရွေးကောက်ပွဲစည်းမျဉ်း၊ စည်းကမ်းပြောင်းလဲပြင်ဆင်သည့် စီမံချက်များကို ဥပဒေပြုလွှတ်တော်တွင် မဲပေးဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၄၀ ၊ ကန့်ကွက်မဲနှစ်မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီလိုလားသော လွှတ်တော်အမတ်အချို့ကို အရည်အချင်းမပြည့်ဝဟု သတ်မှတ်၍ ရာထူးမှဆိုင်းငံ့ခြင်း၊ ယင်းလုပ်ရပ်ကို မကျေနပ်သော လွှတ်တော်အမတ်များက ရာထူးမှနုတ်ထွက်ခြင်းတို့ကြောင့် ဟောင်ကောင်ဥပဒေပြုလွှတ်တော်တွင် တရုတ်လိုလားသော ဟောင်ကောင်အစိုးရအဖွဲ့ကို အတိုက်အခံပြုသူ မရှိပေ။
ဥပဒေပြုလွှတ်တော်တွင် အမတ်နေရာသည် ၇၀ မှ ၉၀ အထိသို့ မြင့်တက်သွားလိမ့်မည်ဖြစ်ပြီး တိုက်ရိုက်မဲပေးရွေးချယ်မှုဖြင့် တင်မြှောက်ခံရသော လွှတ်တော်အမတ် နေရာမှာ ၃၅ မှ ၂၀ သို့ လျော့ကျသွားလိမ့်မည် ဖြစ်သည်။ ထို့ပြင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ တာဝန်ရှိသော ရွေးကောက်ပွဲကော်မတီသည် အမတ်နေရာ ၄၀ ကို ဖြည့်တင်းသွားမည်ဖြစ်သည်။
ထိုသို့ ပြောင်းလဲမှုများကို အမေရိကန်က အလျင်အမြန် ရှုတ်ချခဲ့ကာ တရုတ်သည် ဟောင်ကောင်၏ ဒီမိုကရေစီအဖွဲ့များကို ဖိနှိပ်ချေမှုန်းနေကြောင်း စွပ်စွဲခဲ့သည်။
ရွေးကောက်ပွဲစည်းမျဉ်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေစဉ် မေ ၂၈ ရက်တွင် ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ရှစ်ဦးကို ဟောင်ကောင်တရားရုံးက ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
