ကိုလံဘီယာနိုင်ငံတွင် မကြာသေးမီ သီတင်းပတ်များအတွင်းက လူသေဆုံးမှုများရှိခဲ့သည့် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာက သတိပေးမှုများ မြင့်တက်နေချိန်တွင် ဆန္ဒပြမှုများဖြစ်ပွားနေသည့် ကာလီမြို့သို့ စစ်သားများစေလွှတ်ခဲ့သည်ဟု ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးက မေလ ၂၈ ရက်တွင် ကြေညာခဲ့သည်။
မေလ ၂၈ ရက်သည် ကိုလံဘီယာနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားသည့် တစ်လပြည့်မြောက်သည့် နေ့ဖြစ်ခဲ့သည်။
ယင်းဆန္ဒပြမှုများသည် အစိုးရ၏ အခွန်တိုးမြှင့်ကောက်ခံရေး အဆိုပြုချက်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုအဖြစ် စတင်ပေါ်ပေါက်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှေးရိုးစွဲဝါဒီ ဆန့်ကျင်ရေးဆန္ဒပြမှုအဖြစ် ဆန္ဒပြမှုများမှာ ပိုမိုကြီးထွားလာခဲ့သည်။
မေလ ၂၈ ရက်က ကာလီမြို့တွင်ဖြစ်ပွားသည့် ဆန္ဒပြမှုများတွင် လူသုံးဦးသေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး ဆန္ဒပြမှုများအတွင်း တရားဝင်ထုတ်ပြန်ထားသည့် သေဆုံးသူအရေအတွက်မှာ ၄၉ ဦး အထိရှိလာခဲ့ကာ ၎င်းတို့အနက်နှစ်ဦးမှာ ရဲအရာရှိများဖြစ်သည်။
ဒူကေးသည် ကာလီမြို့၌ လုံခြုံရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ယင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များကို ကူညီအားဖြည့်ရန် စစ်သားများကို အများဆုံးအရေအတွက်ဖြင့် စေလွှတ်ရန် ကြေညာခဲ့သည်။
ကာလီမြို့တွင် သေဆုံးမှုများရှိခဲ့သည့် နောက်ဆုံးဖြစ်စဉ်များမှာ လမ်းမများအား ပိတ်ရန်ကြိုးပမ်းသူများနှင့် ယင်းသို့ပိတ်ဆို့ မှုများကို ဖယ်ရှားကျော်ဖြတ်ရန်ကြိုးပမ်းသူများကြား ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် ဖြစ်သည်ဟု ကာလီမြို့တော်ဝန် ဂျော့ချ်အိုင်ဗန် အော့စပင်နာက လူမှုမီဒီယာတွင် ဗီဒီယိုဖိုင်တင်ပြီး ရေးသားဖော်ပြခဲ့သည်။
ကာလီမြိို့၏ အစိုးရရှေ့နေရုံးမှ ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ တာဝန်ချိန်မဟုတ်သည့် စုံစမ်းစစ်ဆေးသူတစ်ဦးသည် ဆန္ဒပြလူအုပ်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ယင်းစုံစမ်းစစ်ဆေးသူကို ဆန္ဒပြသူများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဗီဒီယိုမှတ်တမ်းများအရ သေနတ်ကိုင်ထားသည့် အမျိုးသားတစ်ဦး၏အနီးတွင် သွေးအိုင်ထဲလဲနေသည့် အမျိုးသားတစ်ဦးအား မြင်တွေ့ရပြီး သေနတ်ကိုင်ထားသူကို လူအုပ်ကြီးက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို မြင်တွေ့ရသည်။
ယင်းသေဆုံးမှုနှင့် နာကျင်မှုဖြစ်စဉ်သည် သွေးပျက်ဖွယ်အခြေအနေဖြစ်သည်ဟု အော့စပင်နာက ပြောကြားခဲ့သည်။
“ကာလီမြို့မှာ ဒီလိုအခြေအနေမျိုးတွေ ဖြစ်ခွင့်မပေးနိုင်ပါဘူး။ ကျွန်တော်တို့ဟာ အကြမ်းဖက်မှုနှင့် သေဆုံးမှုနွံထဲကို ကျရောက်သွားလို့ မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ကိုလံဘီယာဆန္ဒပြမှုများအတွင်း သေဆုံးသူ ၆၃ ဦးရှိကြောင်း ဖော်ပြထားသဖြင့် တရားဝင်ထုတ်ပြန်ထားသည့် သေဆုံးသူစာရင်းထက်ပိုမိုများပြားနေကာ လူဦးရေ ၂.၂ သန်းရှိသည့် ကာလီမြို့၏ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ကောင်းသည်ဟု ပြောကြားခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အမေရိကနိုင်ငံများဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး ဟိုဆေးမီဂူယ် ဗီဗန်ကိုကမူ ဒူကေးအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် အခြေအနေကို ထိန်းသိမ်းရန်နှင့် တင်းမာမှုများကိုလျှော့ချရန် တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
