ဥရောပလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီးအား ကြားဖြတ်ဟန့်တားပြီး လမ်းကြောင်းပြောင်းလဲခဲ့သည့် ဘီလာရုစ်နိုင်ငံအား နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းထန်စွာဝေဖန်နေသည့်ကြားမှ ရုရှားသမ္မတဗလာဒီမာပူနှင့် တွေ့ဆုံခဲ့သည့် ဘီလာရုစ်ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကို၏အစိုးရအဖွဲ့ကို အမေရိကန်က အရေးယူပိတ်ဆို့မှုများ ပြုလုပ်ကြောင်း မေလ ၂၈ ရက်က ကြေညာခဲ့သည်။
မေလ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်သည် နိုင်ငံတကာ စံနှုန်းများကို တိုက်ရိုက်ဆန့်ကျင်နေပြီး ယင်းဖြစ်စဉ်ကို ယုံကြည်စိတ်ချရလောက်သည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အိမ်ဖြူတော် သတင်းပြန်ကြားရေးပုဂ္ဂိုလ် ယန်ဆာကီက ပြောကြားခဲ့သည်။
မေလ ၂၃ ရက်က ဘီလာရုစ်စစ်တပ်မှ တိုက်လေယာဉ်တစ်စီးသည် Ryaniar လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီးကို ကြားဖြတ်ဟန့်တားပြီး လမ်းကြောင်းပြောင်းခဲ့ကာ ယင်းလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၂၆ နှစ်အရွယ် အတိုက်အခံ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရိုမန်ပရိုတက် စီဗစ်ချ်ကို ဖမ်းဆီးခဲ့သဖြင့် ယင်းဖြစ်စဉ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချခဲ့သည်။
အမေရိကန်အနေဖြင့် လူကာရှန်ကို၏ အစိုးရအဖွဲ့ထဲမှ ထိပ်သီးအဖွဲ့ဝင်များကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုများပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု အိမ်ဖြူတော်က ကြေညာခဲ့သည်။
ထိုအချိန်အတောအတွင်း ဘီလာရုစ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး ယင်းပိတ်ဆို့မှုများသည် ဇွန်လ ၃ ရက်တွင် အကျုံးဝင်သက်ရောက်မည်ဖြစ်သည်။
ဘီလာရုစ်နိုင်ငံအပေါ် နောက်ထပ်လုပ်ဆောင်မည့် အမေရိကန်၏ လှုပ်ရှားမှုများသည် အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီအား တိုက်ခိုက်မှုများကို ထောက်ခံသူများကို ပစ်မှတ်ထားသွားမည်ဟု ဆာကီက ပြောကြားခဲ့သည်။
ထို့ပြင် အိမ်ဖြူတော်သည် အမေရိကန်နိုင်ငံသားများအား ဘီလာရုစ်နိုင်ငံအား ခရီးသွားရောက်ခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ထားပြီး အမေရိကန်ခရီးသည်တင် လေယာဉ်များအနေဖြင့်လည်း ဘီလာရုစ်လေပိုင်နက်အပေါ်မှ ဖြတ်သန်းမည်ဆိုလျှင် အထူးသတိထားရန် သတိပေးခဲ့သည်။
ဥရောပသမဂ္ဂကလည်း အီးယူအခြေစိုက် လေကြောင်းလိုင်းများအနေဖြင့် ဘီလာရုစ်လေပိုင်နက်အတွင်းမှ ဖြတ်သန်းခြင်းမပြုရန် တိုက်တွန်းခဲ့သည်။
မည်သို့ပင်ဆိုစေ ရုရှားသမ္မတပူတင်ကမူ ဘီလာရုစ် ခေါင်းဆောင် လူကာရှန်ကိုအား ရုရှားနိုင်ငံ၏ ပင်လယ်နက် အပန်းဖြေစခန်းမြို့ဖြစ်သည့် ဆိုချီမြို့တွင် မေလ ၂၈ ရက်က ဧည့်ခံတွေ့ဆုံခဲ့ချိန်၌ ရုရှားနှင့် ဘီလာရုစ်ကြား ရင်းနှီးသည့် ဆက်ဆံရေးရှိမှုအပေါ် ချီးကျူးခဲ့သည်။ရုရှားအစိုးရအနေဖြင့် ဘီလာရုစ်အစိုးရအား မည်မျှအထိ ထောက်ခံပေးမည်ဆိုခြင်းအပေါ် ၎င်းတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုအား လေ့လာသူများက အနီးကပ် စောင့်ကြည့်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
