မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှေးဟောင်းအဆောက်အဦ (၉) လုံး အနည်းငယ်ထိခိုက် ပျက်စီးခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။
စက်တင်ဘာ (၁၁) ရက်၊ (၁၂)ရက် တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားအမှတ်-၁ ရွှေစည်းခုံဘုရားတောင်ဘက် စောင်းတန်း၊ ခြင်္သေ့ရုပ် မြောက်ဘက်ကပ်လျက် အုတ်တံတိုင်းအနည်းငယ်ပဲ့ကျခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘုရား အမှတ်-၁၅၉၇ သဗ္ဗညုဘုရား မြောက်ဘက် တံတိုင်းမုခ် အနောက်ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ မဟာရံတံတိုင်းမြောက်ဘက် ချဉ်မိတ်တိုး၊ အရှေ့ဘက်အဝင်မုခ် အနည်းငယ်ပဲ့ကျခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တောင်အစု) ရင်ပြင် အုတ်ခုံ ပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၆၇ (ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား ပစ္စယံအောက်ပိုင်းပဲ့ကျခြင်း၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် နံရံနှစ်ဘက် ပေါင်းကူးအမိုးပြိုကျခဲ့ကြောင်း သိရသည်။
အလားတူ ဆင်ဖြူရှင်ရေကန် မြောက်ဘက်ခြမ်း ရေကန်ပဲ့ကျခြင်း၊ ဘုရားအမှတ် – ၇၁၁ လက်ပွတ်ကန်ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း အုတ်အနည်းငယ် ပဲ့ကျခြင်း၊ အရှေ့ဘက်တံတိုင်းအုတ်များ ပဲ့ကျခြင်းနှင့် ဘုရားအမှတ် – ၃၄၅ ဘုရား အနောက်တောင်ထောင့်နှင့် အနောက်ဘက် အောက်ခြေခုံပဲ့ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ခဲ့ရသည့် ရှေးဟောင်း အဆောက်အဦများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူ များက အမြဲမပြတ် စောင့်ကြည့်ကာ ရှေးမူမပျက်ပြန်လည်ပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းသာသနိက အဆောက် အဦများနှင့် လ မ်းများ ရေကျော်ခြင်း ပျက်စီးမှု ရှိ / မရှိနှင့် ရှေးဟောင်းရေ ကန်များ ရေဝင်ရောက်မှု အခြေအနေကို စက်တင်ဘာ (၁၂) ရက် နံနက်ပိုင်းက ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သေးကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် လွန်ခဲ့သည့် (၂၄) နာရီအတွင်း မိုးရေ ချိန် ၈ ဒဿမ ၂၀ လက်မ ရွာသွန်းခဲ့ကြောင်းလည်း ညောင်ဦးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထု တ်ပြန်ချက်အရ သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
