စင်္ကာပူ၊စက်တင်ဘာ ၁၂
ပြည်တွင်းနှင့်နိုင်ငံတကာ အရေးပေါ်အခြေအနေနှင့် ကပ်ဘေးများအတွက် လျင်မြန်စွာပံ့ပိုးကူညီပေးနိုင်ရန် စင်္ကာပူက အရေးပေါ်ဆေးအဖွဲ့ကို စတင်ထူထောင်ကာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
စင်္ကာပူအရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ (SGEMT) သည် ဒေသတွင်းနှင့်ကမ္ဘာတစ်ဝန်းရှိ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပိုမိုအထောက်အကူဖြစ်စေမည့် အခန်းကဏ္ဍမှပါဝင်စေနိုင်မည်ဖြစ်ကြောင်းလည်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေငြာခဲ့သည်။
“ဆေးရုံတွေလိုပါပဲ။ ဒီအရေးပေါ်ဆေးအဖွဲ့ ရဲ့ ဝန်ဆောင်မှုတွေမှာလည်း အရေးပေါ်ကုသရေးဝန်ဆောင်မှု၊အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊မိခင်နဲ့ကလေးကျန်းမာရေး နဲ့ ပြင်ပလူနာဌာနစတဲ့ စောင့်ရှောက်မှုတွေပါဝင်မှာဖြစ်ပြီး တစ်နေ့ကိုအယောက် ၁၀၀ နှုန်းနဲ့ နှစ်ပတ်ကြာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင်စီစဉ်ထားပါတယ်” ဟုလည်းကြေငြာချက်ထုတ်ပြန်ခဲ့သည်။
ယခုဖွဲ့စည်းထူထောင်လိုက်သည့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရသည့် နေရာဒေသသို့ ၇၂ နာရီအတွင်း အရောက်သွားကာအကူအညီပေးမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီ ဆေးဝါးအကူအညီများ ကို ထောက်ပံ့ ပေးအပ်နိုင်ရန်စီစဉ်ထားသည်ဟုလည်းသိရသည်။
Source : စီအင်န်အေ/ဒီဝိုင်(ကေဂျီ)

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
