ရေဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသများရှိ သုံးစွဲသူများအတွက် အခမဲ့ဖုန်းပြောဆိုခွင့် ၇၀၀ မိနစ်နှင့် စာတို (SMS) ၇၀၀ ကို ပေးအပ်မည်ဟု စက်တင်ဘာ ၁၃ ရက်တွင် MPT က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ နေပြည်တော်ကောင်စီ နယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ စက်တင်ဘာလ ၁၀ ရက်မှ စတင်၍ ဆက်သွယ်ရေးဝန်ဆောင်မှု အခက် အခဲအချို့ ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
MPT မှ ဝန်ဆောင်မှုများအား နဂိုအတိုင်း အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ MPT သည် သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်း ခေါ်ဆိုခွင့် မိနစ် ၇၀၀ နှင့် စာတိုပေးပို့ခွင့် (SMS)အစောင် ၇၀၀ ကို ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို ခုနစ်ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
MPT မှ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရရှိစေရန် အမြန်ဆုံး လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
