မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူ နစကဥက္ကဋ္ဌ က ရေစီးရေလာကောင်းမွန်ရေး၊ ရေအမြန်ကျဆင်းစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ မြန်မာ့တပ်မတော်မှ အင်ဂျင်နီယာတပ်ဖွဲ့များနှင့် စက်ယန္တရားများအသုံးပြုပြီးဆောင်ရွက်ရန်လည်း ညွှန်ကြားခဲ့သည်ဟု သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စက်တင်ဘာလ ၁၀ ရက်နေ့က စ၍ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေ၊ မြစ်ရေ မြင့်တက်မှုများ၊ လျှပ်တပြက်ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးပြည်နယ် ၇ ခုမှာ မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ဟု ပြောသည်။
“ဒီနေ့ နေ့လည် ၁၂ နာရီအထိ စာရင်းတွေအရ ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့ပေးရတဲ့ အိမ်ခြေပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ အိမ်ထောင်စု ၅၉၀၀၀ ကျော် ရှိတယ်။ လူဦးရေ ၂၃၀၀၀၀ ကျော်ဖြစ်ပါတယ်။ သူတို့ကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၈၇ ခုမှာ နေရာချထားပေးလျက်ရှိတယ်။ ေ-သဆုံးမှု ဒဏ်ရာရမှုအနေနဲ့ တစ်နိုင်ငံလုံးမှာ ေ-သဆုံးသူ ၃၃ ဦး ရှိတယ်။ ဒဏ်ရာရ ၁ ဦးရှိပါတယ်”ဟု ၎င်းက ဆိုသည်။
တချို့နေရာများတွင် မိုးစရွာပြီး မိုးကြီးကတည်းက ဆက်သွယ်မှုပြတ်တောက်နေကြောင်း၊ ရမည်းသင်းဘက်တွင် အတည်မပြုနိုင်သေးသည့် သတင်းအရ မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်များမှ ပြောင်းရွှေ့နေထိုင်နေထိုင်သူများ ၎င်းတို့နှင့်ပတ်သက်ပြီးလည်း မြေပြိုကျ၍ ပျောက်ဆုံးမှုရှိသည့်အတွက် လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။
နေပြည်တော်တွင် ရေအနည်းငယ်ကျဆင်းပြီဖြစ်သော်လည်း စစ်တောင်းမြစ် အပေါ်မူတည်၍ တောင်ငူ၊ အောက်ဖက်တွင်ရှိနေသည့် မုန်း၊ ရွှေကျင်တဝိုက်တွင် အထူးသတိထားရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးထုတ်လွှင့်မှုများကို ပြည်သူများအနေဖြင့် လိုက်နာရန်လိုကြောင်း ပြောသည်။
သို့သော် မုန်တိုင်းအရှိန်နှင့်ပတ်သက်၍ ယခုလ ၁၅ ရက်နေ့အထိ အထူးဂရုစိုက်ပေးရန်လိုအပ်ပြီး နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
ထို့ပြင် ရေဘေးကယ်ဆယ်ရေးတွင်ပါဝင်နေကြသည့် လူမှုအဖွဲ့အစည်း အများအပြားကို ကူညီစောင့်ရှောက်မှုများ၊ ပူးပေါင်းဆောင်ရွက်များ ပြုလုပ်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန်လည်း မေတ္တာရပ်ခံပြောကြားခဲ့သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
