မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာယူ-၂၂ အသင်းနည်းပြချုပ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ယခုလအတွင်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
MFF သည် ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နည်းပြချုပ် ပိုပေါ့ဗ်၏စွမ်းဆောင်ရည်ကြောင့် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပိုပေါ့ဗ်နှင့် MFFတို့ ချုပ်ဆိုထားသည့်စာချုပ်သက်တမ်းမှာ ဒီဇင်ဘာလကုန်တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် ယခုလအတွင်း သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။
MFF သည် ပိုပေါ့ဗ်ကို ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအထိ သက်တမ်းတိုးရန် စီစဉ်ထားသော်လည်း စာချုပ်သက်တမ်းကို ပြန်လည်အတည်ပြုသွားမည်ဖြစ်သည်။
''ပိုပေါ့ဗ်ကို ဒီလထဲမှာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမှာပါ။ အမြန်ဆုံးသက်တမ်းတိုးဖို့ စီစဉ်နေပြီး ကပ်ရောဂါအခြေအနေကြောင့် ကြန့်ကြာနေတာဖြစ်ပါတယ်။ စာချုပ်သက်တမ်းကိုတော့ နည်းစနစ်ကော်မတီနဲ့ ညှိနှိုင်းပြီး အတည်ပြုသွားမှာပါ''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports သို့ ပြောကြားခဲ့သည်။
ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင်(၂)နှစ် စာချုပ်ဖြင့်ခန့်အပ်ခံရပြီး ယခုနှစ်ကုန်တွင် စာချုပ်ကုန်ဆုံးမည်ဖြစ်သည်။
ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၂ အသင်းကို စတင်ကိုင်တွယ်သည့်အချိန်တွင် အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသလို အာရှ ယူ-၂၃ ခြေစစ်ပွဲတွင်လည်း ခြေစစ်ပွဲအောင် မြင်ခဲ့ခြင်းမရှိပေ။
သို့သော် ၂၀၁၉ နှစ်ကုန်ပိုင်းတွင်ကျင်းပသည့် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သဖြင့် MFF က သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်ရခြင်းမရှိသေးဘဲ မတ်လတွင် ကစားသမားသစ်များကို ကာလတို လေ့ကျင့်ပေးခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် နှစ်လယ်ပိုင်းကတည်းက လေ့ကျင့်ရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ဖျက်သိမ်းခဲ့ရပြီး လာမည့်နှစ်ဆန်းပိုင်းမှသာ အစောဆုံးလေ့ကျင့်နိုင်ဖွယ်ရှိနေသည်။
မြန်မာ ယူ-၂၂ အသင်းသည် လာမည့်နှစ်တွင် အာရှ ယူ-၂၃ ခြေစစ်ပွဲ နှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲကျင်းပဖြစ်ပါက ပြိုင်ပွဲ(၃)ခုအထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှ ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲကို နိုဝင်ဘာတွင် စတင်ကျင်းပမည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်ခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
