အင်္ဂလန်အသင်းနှင့် ဂျာမနီအသင်းတို့သည် ဘိုင်ယန်မြူးနစ်အသင်း၏ လူငယ်ကြယ်ပွင့် တောင်ပံကစားသမား ဂျမားလ်မူစီယာလာအား အပြိုင်လုနေကြကြောင်း သိရှိရသည်။
အသက် (၁၇)နှစ်အရွယ်သာရှိသေးသည် မူစီယာလာသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် အချို့ပွဲစဉ်များတွင် ဝင်ကစားပေးနေပြီး ခြေစွမ်းပြလျက်ရှိသည်။
သူသည် ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ယမန်နှစ်ကမှ ဘိုင်ယန်မြူးနစ်သို့ ထွက်ခွာသွားကာ ယခုရာသီတွင် ခြေစွမ်းပြနေသူဖြစ်သည်။
နိုင်ဂျီးရီးယားဖခင်နှင့် ဂျာမန်မိခင်တို့မှာ မွေးဖွားခဲ့ပြီး၊ သူ၏ မိသားစုသည် ငယ်စဉ်ကတည်းက အင်္ဂလန်တွင် ပြောင်းရွှေ့အခြေချခဲ့ခြင်းကြောင့် (၃)နိုင်ငံစလုံးအတွက် ကစားခွင့်ရနေသည်။
သူ့အား အင်္ဂလန်ယူ-၂၁ အသင်းက ရွေးချယ်ခဲ့သော်လည်း ဂျာမနီအသင်းကလည်း ကမ်းလှမ်းနေကြောင်း သိရှိရသည်။
မူစီယာလာသည် သက်တမ်းအလိုက်လူငယ်အသင်းအသင်းများ၌ ဂျာမနီရော အင်္ဂလန်အသင်းအတွက်ပါ ကိုယ်စားပြုကစားပေးခဲ့သူဖြစ်သည်။
၎င်းအနေဖြင့် အင်္ဂလန်ယူ-၁၅ အသင်းအတွက် (၃)ပွဲကစား (၄)ဂိုးသွင်း၊ အင်္ဂလန်ယူ-၁၆ အသင်းအတွက် (၉)ပွဲကစား (၃)ဂိုးသွင်း၊ ဂျာမနီယူ-၁၆ အသင်းအတွက် (၂)ပွဲကစား၊ အင်္ဂလန်ယူ-၁ရအသင်းအတွက် (၈)ပွဲကစား (၂)ဂိုးသွင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
