အောက်တိုဘာလအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုကို ဆိုစီဒက်အသင်း တောင်ပံကစားသမား အော်ယာဇာဘယ်လ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဆိုစီဒက်အသင်းသည် အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားသည့် လာလီဂါ သုံးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး အော်ယာဇာဘယ်လ်က သုံးပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့သည်။
၎င်းသည် ဂီတာဖေးနှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဂိုး၊ ဘက်တစ်နှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဂိုး၊ ဟွယ်ဆကာနှင့်ပွဲတွင် ပယ်နယ်တီအပါအဝင် နှစ်ဂိုး၊ စုစုပေါင်း လေးဂိုးသွင်းယူနိုင်သဖြင့် တစ်လတာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခြင်းဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် စပိန်လက်ရွေးစင်ကစားသမား အော်ယာဇာဘယ်လ်သည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ခြောက်ဂိုးသွင်းယူထားပြီး ဂိုးအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
ပြီးခဲ့သည့်စက်တင်ဘာလ အကောင်းဆုံးဆုကိုမူ ဘာစီလိုနာအသင်းမှ လူငယ်ကြယ်ပွင့် အန်ဆူဖာတီက ရရှိခဲ့ကြောင်း သိရသည်။
လာလီဂါတစ်လတာအကောင်းဆုံးဆုကို ၂၀၁၃-၁၄ ရာသီက စတင်ချီးမြှင့်ခဲ့ပြီး ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက (၇)ကြိမ်ဖြင့် အများဆုံးရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
