လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာတို့က လူစားလဲမှု ငါးဦးခွင့်ပြုသည့်စနစ်ကို ပြန်လည်အသုံးပြုရန် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့်ပွဲအပြီးတွင် ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဘောလုံးပွဲများတွင် လူစားလဲမှုကို သုံးဦးအစား ငါးဦးသို့တိုးမြှင့်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ယာယီခွင့်ပြုပေးထားပြီး ယင်းခွင့်ပြုမှုကို ၂၀၂၁ ခုနှစ် သြဂုတ်အထိ ထပ်မံတိုးမြှင့်ပေးထားသည်။
ပရီးမီးယားလိဂ်အနေဖြင့် COVID-19 ကာလအပြီး ဇွန်လတွင် ဘောလုံးပွဲများ တစ်ကျော့ပြန်စတင်စဉ် လူစားလဲမှု ငါးဦးခွင့်ပြုခဲ့သော်လည်း ရာသီသစ်စတင်ချိန်တွင်မူ အသင်းကြီးများအား အားသာစေသည်ဟု ဆိုကာ ကန့်ကွက်မှုများရှိသဖြင့် သုံးဦးသို့ ပြန်လည်လျှော့ချခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုရာသီ ချန်ပီယံလိဂ်အပါအဝင် အခြားဥရောပထိပ်သီးလိဂ်များအားလုံးတွင် ငါးဦးခွင့်ပြုထားသောကြောင့် ယာဂန်ကလော့ပ်နှင့် ဂွါဒီယိုလာတို့က ထပ်မံတိုက်တွန်းပြောကြားခြင်း ဖြစ်သည်။
''ကစားသမားငါးဦး လဲလှယ်ခွင့်အတွက် ကျွန်တော်တို့ ပြန်တိုက်ပွဲဝင်ရမယ်လို့ ထင်ပါတယ်။ နိုင်ငံတိုင်းလိုလို ငါးဦးလဲခွင့်ပေးနေသလို ဥရောပပွဲတွေမှာလည်း ငါးဦးလဲခွင့် ရနေပါတယ်။ သူတို့က အခြေအနေကို နားလည်လို့ပါ။ ဒီလိုကာလကြီးမှာ တချို့အရာတွေက ပုံမှန်မဟုတ်ဘူးဆိုတာ သိကြပါတယ်။ ဒီနိုင်ငံမှာပဲ တခြားနိုင်ငံတွေနဲ့မတူဘဲ တစ်မူထူးနေတာပါ။ အဲဒါမကောင်းပါဘူး။ ကျွန်တော်တို့ ကစားသမားတွေဟာ လုံလောက်တဲ့ ကာကွယ်မှုမရဘူးဖြစ်နေပြီး ပြန်ရအောင် ကျွန်တော်တို့ လုပ်သင့်ပါတယ်။ အာနိုးလ်က အခုဒဏ်ရာရသွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီအခြေအနေတွေကို ပိုမိုကောင်းမွန်အောင် လုပ်သင့်ပါပြီ။ ကစားသမားတွေကို မကာကွယ်နိုင်ရင် ဘောလုံးလောက ကပ် ဆိုက်သွားပါလိမ့်မယ်''ဟု ဂွါဒီယိုလာက ပြောကြားသည်။
ယာဂန်ကလော့ပ်ကလည်း ''တနင်္ဂနွေမှာကစားရတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ၁၂း၃၀ ကတော့ မဖြစ်သင့်ဘူး။ ဒါက လူတွေကို သတ်နေတာပဲ။ အိပ်ရာက နိုးလာပြီးတော့ ဘောလုံးတန်းကစားရတယ်။ အနားယူအား မွေးချိန်တောင် မရှိဘူး။ ပရီးမီးယားလိဂ်က ပြောင်းလဲသင့်ပါပြီ။ Sky တို့၊ BT တို့လည်း ဆွေးနွေးသင့်နေပြီ။ ပွဲကောင်းတွေကို ခင်ဗျားတို့ လိုချင်တယ်မဟုတ်လား။ ကစားသမားတွေကို နာရီနည်းနည်းလောက်တော့ ပိုအနား ပေးလိုက်ပါ''ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
