ဂါရတ်ဘေးလ်အား ပေါင် (၁၅)သန်းဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူရန် စပါး စီစဉ်
24htopnews | September 13, 2024 11:12 PM CST
စပါးအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းထံမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် အသင်း၏ ကြယ်ပွင့်ကစားသမားဟောင်း ဂါရတ်ဘေးလ်အား ပေါင် (၁၅)သန်းဝန်းကျင်ဖြင့် အပြီးသတ်စာချုပ်ခေါ်ယူလိုနေကြောင်း သိရှိရသည်။
ဂါရတ်ဘေးလ်သည် စပါးအသင်းတွင် ဂိုးများစွာသွင်းယူနိုင်ခြင်းမရှိသေးသော်လည်း ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့နှင့်အတူ တိုက်စစ်ပိုင်းတွင် အဓိက ကစားသမားအဖြစ် ကစားခွင့်ရလာခဲ့ပြီး အသင်းနည်းပြ မော်ရင်ဟိုကလည်း သူ ၏ခြေစွမ်းကို သဘောကျနေကြောင်း သိရှိရသည်။
ယင်းအတွက်ကြောင့် စပါးအသင်းသည် အငှားစာချုပ်သက်တမ်း ကုန်ဆုံးပါက အပြီးသတ်စာချုပ်ရန်ကိစ္စကို စီစဉ်လာခဲ့ခြင်းဖြစ်ပြီး ပေါင် (၁၅)သန်းဝန်းကျင်ဖြင့် ရီးယဲလ်မက်ဒရစ်က လက်လွှတ်ပေးမည်ဆိုပါက အပြီးသတ်ခေါ်ယူသွားမည်ဟု သိရှိရသည်။
ဂါရတ်ဘေးလ်သည် ယခုရာသီ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲကစားထားပြီး (၁)ဂိုးသွင်းယူထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
