အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာတီတာက အက်စတွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းသည် မိမိ၏ အာဆင်နယ်နည်းပြဘဝတွင် အဆိုးရွားဆုံးပွဲတစ်ပွဲဖြစ်ပြီး ယင်းအတွက် မိမိတွင် အပြည့်အဝတာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။
အာတီတာက "ကျွန်တော်တို့ အသင်းက လုံလောက်တဲ့ စွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့ဘူး။ အက်စတွန်ဗီလာအသင်းကို ချီးကျူးချင်ပြီး သူတို့က ကျွန်တော်တို့ထက်နိုင်ပွဲကို ပိုမိုဆာလောင်ခဲ့ပါတယ်။ ကျွန်တော်က ဘာတွေဖြစ်နေသလဲဆိုတာကို အဖြေရှာဖို့ ခက်ခဲခဲ့ပြီး တကယ်တော့လည်း အဖြေက ရှိပြီးသားပါ။ ကိုယ့်ခံစစ်ဇုန်ကို မကာကွယ်နိုင်ရင်၊ အဲဒီပွဲတစ်ပွဲကို နိုင်ဖို့ကလည်း တကယ်ခက်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ဂိုးတွေအများကြီး မသွင်းနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ တော့ခံစစ်ကနေ တိုက်စစ်ကို အလျင်အမြန်ကူးပြောင်းမှုတွေကနေ အခွင့်အရေးအချို့ရခဲ့ပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ရင် ဒီလိုရှုံးပွဲမျိုးက ကြုံတွေ့မှာပါပဲ။ ဒီအတွက် ကျွန်တော် အပြည့်အ၀ တာဝန်ယူပါတယ်။ ကျွန်တော်တို့ လက်ရှိအနေအထားထက် ပိုပြီး ရက်စက်ဖို့ လိုပါတယ်။ ဗီလာနဲ့ပွဲက ခြေစွမ်းကိုတော့ ပွဲအစခရာမှုတ်ကတည်းက ပြီးတဲ့အထိ မကြိုက်ပါဘူး။ ဒီအခြေအနေတွေနဲ့ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို ကျွန်တော် အသေးစိတ် ပြန်လည်ခွဲခြမ်းစိတ်ဖြာသွားမှာပါ" ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၄)ပွဲတွင်နိုင်၊ (၄)ပွဲရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် (၁၁)နေရာတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
