စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက လက်ရှိစပါးအသင်းသည် ပရီးမီးယားလိဂ်တွင် ကစားနေခြင်းမဟုတ်ဘဲ အခြားဥရောပလိဂ် အတော်များများတွင် ကစားနေပါက ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့်အသင်းမျိုးဖြစ်သည်ဟု သုံးသပ်ပြောကြားသွားခဲ့သည်။
မော်ရင်ဟို၏ စပါးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်တွင် အဲဗာတန်အသင်းကို ရာသီအဖွင့်ပွဲ၌ ရှုံးခဲ့ပြီးကတည်းက တောက်လျှောက်ရှုံးပွဲမရှိကစားနေပြီး၊ ယခုအချိန်တွင် အမှတ်ပေးဇယား အဆင့် (၂)နေရာတွင် ရပ်တည်လျက်ရှိသည်။
ယင်းအတွက်ကြောင့် ဂျာနယ်လစ်များက ယခုရာသီချန်ပီယံမျှော်လင့်ချက်အတွက် မေးမြန်းခဲ့ရာ မော်ရင်ဟိုက "ကျွန်တော်ပြောနိုင်တာကတော့ ဒီအသင်းဟာ ဥရောပနိုင်ငံတော်တော်များများမှာတော့ ချန်ပီယံဖြစ်နိုင်တဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက အခက်ခဲဆုံးလိဂ်ဖြစ်လို့ ချန်ပီယံဖြစ်လာဖို့ မလွယ်ကူပါဘူး။ ပရီးမီးယားလိဂ်မှာ ရာသီကောင်းတစ်ခုကို ဖြတ်သန်းနိုင်တယ်။ ရမှတ်ပေါင်းများစွာကို ယူနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်ဆိုတဲ့အသင်းကြီးတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရာသီကောင်းတစ်ခုတော့ ရနိုင်တယ်။ ချန်ပီယံဖြစ်ဖို့ မလွယ်ပါဘူး။ ဒါဆိုရင် ကျွန်တော်တို့က ဘာလုပ်ရမလဲ။ တစ်ပွဲချင်းစီကို အနိုင်ကစားသွားဖို့ပဲ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ နိုင်ပွဲတွေကို ရသလောက်ရှာဖွေသွားပါမယ်။ တခြားအသင်းတွေရဲ့ရလဒ်တွေကို ဂရုမစိုက်ပါဘူး။ ရမှတ်တွေကို ရနိုင်သလောက်ယူပြီးရင် ရာသီကုန် ဘယ်နေရာမှာ ရပ်တည်မလဲဆိုတာကိုကြည့်ပါမယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
