အီတလီနိုင်ငံ၏ ဒေသတွင်းအာဏာပိုင် (ASL)သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကစားသမားရှိသော အသင်းများမှ အခြားကစားသမားများကို ခရီးသွားလာခွင့် ပိတ်ပင်ရန်ဆုံးဖြတ်ခဲ့ပြီး၊ ကစားသမားအတော်များများသည် လာမည့် နိုင်ငံတကာပွဲစဉ်များသို့ သွားရောက်ကစားခွင့် ရရှိမည်မဟုတ်ကြောင်း သိရှိရသည်။
ပထမဦးစွာ ဖလောရင့်စ်ဒေသအာဏာပိုင်များသည် ဖီအိုရင်တီးနားအသင်း၏ ကစားသမား ကယ်လီဟွန် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်၊ ယင်းအသင်းမှ ကစားသမားများအား ဒေသတွင်းမှ ထွက်ခွာခွင့်ကို ပိတ်ပင်ရန်ဆုံးဖြတ်ခဲ့သည်။
ယင်းအတွက်ကြောင့် ဖီအိုရင်တီးနားအသင်းက ကစားသမားများသည် သက်ဆိုင်ရာလက်ရွေးစင်အသင်းများထံသို့ ပူးပေါင်းနိုင်ခြင်းမရှိခဲ့ချေ။
ယင်းနောက်တွင် အခြား အီတလီနိုင်ငံရှိ ဒေသအသီးသီးကပါ COVID-19 လူနာရှိသည့်အသင်းများက ကစားသမားများကို နိုင်ငံအတွင်းက ထွက်ခွာကာ လက်ရွေးစင်အသင်းများကိုမပြန်ရန် တားဆီးခဲ့ခြင်းဖြစ်ပြီး ကလပ်အသင်းအချို့မှာ တားမြစ်ပိတ်ပင်ခံထားရသည်ဟုလည်း သိရှိရသည်။
လက်ရှိအချိန်တွင် ပိတ်ပင်ခံထားရသည့်အသင်းများထဲတွင် ဆာဆူအိုလို၊ ဂျီနိုအာ၊ ရိုးမား၊ အင်တာမီလန်စသည့်အသင်းများလည်း ပါဝင်နေကြောင်း သိရှိရသည်။
ယင်းအသင်းမှ ကစားသမားများထဲတွင် ပြည်ပနိုင်ငံများ၏ လက်ရွေးစင်ကစားသမားများသာမက အီတလီလက်ရွေးစင်ကစားသမားများပါ ပြန်လည်ပူးပေါင်းခွင့်ရမည် မဟုတ်ကြောင်း သိရှိရသည်။
တားမြစ်ခံထားရသည့် ပြည်တွင်းပြည်ပ ကစားသမားအချို့
အာဂျင်တီးနား - ကော်ရီယာ၊ လော်တာရိုမာတီနက်ဇ်
အီတလီ - ဘီရာဂီ၊ ကက်စထရိုဗီလီ၊ ခရစ္စတန်တီ၊ မန်စီနီ၊ ဂတ်ဂလီယာဒီနီ၊ ဘာရယ်လာ၊ ဒီအမ်ဘရိုစီယို၊ ဒါမီယန်၊ ဘက်စတိုနီ၊ အကာဘီ၊ လိုကာတယ် လီ၊ ကာပူတို၊ ဘီရာဒီ
ချီလီ - အလက်ဆစ်ဆန်းချက်ဇ်၊ ဗီဒယ်လ်၊ ပူလ်ဂါ
ဘယ်လ်ဂျီယံ - လူကာကူ
ဆားဘီးယား - မီလန်ကိုဗစ်၊ ကိုလာရော့ဗ်၊ မီလင်ကိုဗစ်ဆာဗစ်၊ ဗလာဟိုဗစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
