နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း (MNA) မှ ရေဘေးသင့် ပြည်သူများ ထံသို့ ကယ်ဆယ်ရေးပစ္စည်းများ နှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များဖြင့် အခမဲ့ သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အဆိုပါဒေသများမှ သွားလာရေးခက်ခဲသည့် ဒေသများမှ ပြည်သူများထံသို့ ကယ်ဆယ်ရေး ပစည်းနှင့် ဆေးဝါးများ အဆင်ပြေ ချောမွေ့စွာရောက်ရှိနိုင်စေရန် ပြည်တွင်း ပြည်ပ ခရီးစဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ကာ လှူဒါန်းပေးပို့လိုသူများအနေဖြင့် (MNA)လေကြောင်းလိုင်း၏ Cargo Operation Team သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ သက်ဆိုင်ရာလေကြောင်း အာဏာပိုင်တွေဆီကခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့ ကယ်ဆယ်ရေးပစ္စည်းနြဲ ဆေးဝါးတွေကို ပြည်တွင်း ပြည်ပ ခရီးစဉ်တွေမှာ အခမဲ့ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်”ဟု (MNA )လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ခရီးစဉ်အား နေ့စဉ် ပျံသန်းနေပြီး ခရီးစဉ်တစ်ကြောင်းလျှင် ၇၈၀၀၀၀ ကျပ်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ခရီးစဉ်အား Boeing 737 -800 NG လေယာဉ်များဖြင့် နေ့စဉ်ပျံသန်းနေခြင်းဖြစ်သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ၁၉၄၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်ကာ နိုင်ငံတော်ပိုင်လေကြောင်းလိုင်းအဖြစ် ပျံသန်းခဲ့ရာ ယခု ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၇၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း သက်တမ်းတစ်လျှောက် အားပေးစီးနင်းကြသော ခရီးသွားများကို ယခု ၇၆ နှစ် ပြည့်မြောက်ချိန်တွင် ကျေးဇူးတင်ဂါရဝပြုရင်း ခရီးသည်များအဆင်ပြေစွာ သွားလာနိုင်ရန် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း မြန်မာ အမျိုးသားလေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုး-ရန်ကုန်ခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့များတွင် ပျံသန်းနေပြီးခရီးစဉ် တစ်ကြောင်းလျှင် ၂၃၅၀၀၀ ကျပ်မှ စတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုး-ရန်ကုန်ခရီးစဉ်တွင် ဝန်ဆောင်မှုများအနေဖြင့် Baggage Alloance, 7kg Hand Carry Allowance,Snack Bos ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အချက်အလက်များစုံစမ်းမေး မြန်းခြင်းနှင့် လေယာဉ်လက်မှတ်ဝယ်ယူခြင်းများအတွက် MNA Call Center 01-377840, 01-377841-2,01-378603-4-6-7-8 တို့ကို ဆက်သွယ် ဝယ်ယူ နိုင်မည်ဖြစ်သည့်အပြင် MNA website www.flymna.com နှင့် MNA Mobile Application လည်း ကောင်း အသုံးပြုပြီး လွယ်ကူမြန်ဆန်စွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြင် မြန်မာအမျိုးသားလေကြောင်း လိုင်း၏ ပြည်တွင်းပြည်ပလေယာဉ်လက်မှတ် များကို မြန်မာအမျိုးသား လေကြောင်းရုံးချုပ် ဖြစ်သော အမှတ် ၁၀၄၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် လည်းကောင်း၊ မြန်မာနိုင်ငံအဝန်းရှိ မြန်မာအ မျိုးသားလေကြောင်းဌာနခွဲများနှင့် မြန်မာ အမျိုးသားလေကြောင်းလိုင်း၏ authorised sales agent များတွင်လည်း ဝယ်ယူရရှိနိုင်မည်ဟု သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်း ပြည်ပခရီးစဉ်လက်မှတ်များကို Visa Cardဖြင့်ဝယ်ယူပါက ၁၀ ရာခိုင်နှုန်း လျှော့ ဈေးရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပျံသန်းပြေးဆွဲလျက်ရှိသော ပြည်တွင်း ပြည်ပ ခရီးစဉ်များကို Boeing 737-800 NG ,ATR 72-600 လေယာဉ်ကြီးများဖြင့် နေ့စဉ် ပျံသန်း နေခြင်းဖြစ်သည်။ မြန်မာအမျိုးသားလေ ကြောင်းလိုင်း၏ ပြည်တွင်း ပြည်ပခရီးစဉ် လက်မှတ်များကို visa card ဖြင့်ဝယ်ယူပါက ၁၀ ရာခိုင်နှုန်းလျှော့ဈေးရရှိမည်ဖြစ်ပြီး ရယူရန်အတွက် Promo Code-UBVISA10 ကို အသုံးပြုရမည်ဖြစ်ပြီး Promotion ကာလမှာ ၃၁ ရက် ဒီဇင်ဘာ ၂၀၂၄ ခုနှစ်ထိ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
