လူရာနှင့်ချီ နေထိုင်သည့် ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာအပါအဝင် တောင်ပေါ်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ်နီးပါး ရေနစ်မြုပ်ပြီး မြေပြိုမှုဖြစ်ကာ အနည်းဆုံး ၇၅ ဦးသေဆုံးခဲ့သည်ဟု ရမည်းသင်းဒေသခံများက ဖုန်းဖြင့်ဆက်သွယ် ပြောကြားသည်။
ရေကြီးမြေပြိုမှုဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ညအချိန်ဖြစ်သဖြင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ဖြစ်တာက တမြန်နေ့ ညပိုင်းပေါ့။ ရက်နဲ့ဆို ၁၂ ရက်နေ့ ၁ နာရီလောက်မှာဖြစ်တာပေါ့။ ညဘက်ဆိုတော့ လူသေဆုံးတာတွေ ဖြစ်တယ်။ အခုထိဆို ပျောက်ဆုံးနဲ့ သေဆုံးက ၇၅ ဦးထွက်တယ်။ သေစာရင်းအတိအကျတော့ မထွက်သေးဘူး။ ဒါက အခုချိန်ထိ စာရင်းပေါ့။ မနက်ဖန်ဆို စာရင်းက ထပ်ထွက်လာလောက်တယ်။ တောင်ပေါ်မှာက ရွှေကျင်းတွေရှိတယ်။ အဲ့ဒီမှာလည်း သေတာ ပိတ်မိတာတွေရှိတယ်။ ဘယ်လောက်ဆိုတာ မသိရသေးဘူး"ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။
တောင်ခြေရှိ ကျေးရွာများမှာ တောင်ပေါ်မှာ ရေနှင့်အတူပါလာသည့် ရွှံ့၊ သဲများဖုံးလွှမ်းခဲ့ပြီး လက်ရှိတွင်လည်း တောင်ပေါ်သို့ တက် ရောက်နိုင်သည့် လမ်းများပျက်စီးခဲ့သဖြင့် သွားရောက်ရန် မလွယ်ကူကြောင်း သိရသည်။
" ကန်သာအေးကျေးရွာဆိုရင် အိမ်တလုံးနဲ့ လူတစ်ယောက် ပါသွားတာ။ အခုချိန်ထိ အစအန ရှာမတွေ့သေးဘူး။ ပြောရရင်တော်တော် ဆိုးဆိုးဝါးဝါးပါပဲ" ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။
ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့သည့် အဆိုပါနေရာတွင် ကူညီကယ်ဆယ်မှုများနှင့် စားစရာသောက်စရာများ လိုအပ်နေသည်ဟု သိရသည်။
" သွားလို့ရတဲ့ နေရာအထိတော့ ကျန်းမာရေးစောင့်ရှောက်တာတွေ လိုအပ်တာတွေ လုပ်နေတယ်" ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။
စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် အဆိုပါဒေသ၏ ရာသီဥတုမှာ မိုးရွာသွန်းမှုရှိနေသည်ဟု သိရသည်။
" သပြေပင်မှာက လူ ၂၀၀၊ ၃၀၀ လောက်ရှိတယ်။ ရွာလုံးကျွတ် ရေနစ်ကုန်တယ်။ မြေလည်းပြိုတယ်။ ကျွန်မတို့တာင် လွတ်သွားတာ။ အလောင်းတွေလည်းတွေ့တယ်။ သပြေပင်ရော တခြားရွာ တွေရော ပါကုန်တယ်။ သပြေပင်က လူများတယ်။ သပြေပင်တရွာလုံးက ရွှံတွေဖုံးသွားတယ်။ ရေတွေ ထပ်ကျလာတယ်ရှင့်။ နေရာရှာ လိုက်ဦးမယ်" ဟု မြင်းနားကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
