ရေဘေးသင့်ဒေသများလှူဒါန်းရန် မန္တလေးတွင် အဆိုတော်ချယ်ရီသင်းမှ အနုပညာနှင့် ဖျော်ဖြေကာ အလှူခံမှုပြုလုပ်ခဲ့သည်။
အဆိုတော်ချယ်ရီသင်းနှင့်အတူ fire cracker music band နှင့် မန္တလေးဂီတမောင်နှမများ၊ မန္တလေးမြို့ရှိ အနုပညာရှင်များ၊ TikTok cele များပူးပေါင်းကာ မန္တလေးတက္ကသိုလ်အနီးရှိ အညာသူ ကဖေးတွင် သီဆိုဖျော်ဖြေအလှူခံမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"ချယ်တို့ဒီမှာ မနက် ၉ နာရီကနစပြီး ဖျော်ဖြေအလှူခံမှုတွေ ပြုလုပ်နေတယ်။ လမ်းသွားလမ်းလာ အများပြည်သူအလှူငွေက အခုနေ့လည်ပိုင်းအထိ သိန်း ၃၀ ကျော်ရပါပြီ။ k pay တို့၊ သီခြားနာမည်စာရင်းနဲ့တကွ လှူဒါန်းထားတာတွေလည်းရှိပါတယ် အကုန်လုံးကိုတော့ စာရင်းမပေါင်းရသေးပါဘူး။ လုပ်ဖြစ်သွားတာက ရေကြီးတဲ့ဒေသတွေက အခြေအနေတွေကို အွန်လိုင်းမှာ တွေ့ပြီး ချယ်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီတာတဲ့သဘောပါ။ မန္တလေးမှာလုပ်ဖြစ်တာက ချယ်က လတ်တလော မန္တလေးမှာရှိနေတာအတွက်ကြောင့်ပါ။ "ဟု အဆိုတော် ချယ်ရီသင်းက ပြောကြားသည်။
ရေဘေးအတွက်အလှူခံခြင်းကို နှစ်ရက်တိုင်ပြုလုပ်မည် ဖြစ်ပြီးစက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်းမနက်၉ နာရီမှ ညနေ ၄ နာရီအထိ ယင်းဆိုင်၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
