ဒုဋ္ဌဝတီမြစ်ရေသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်တွင် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒဿမ ၅၄ ပေ (၈၇၀ စင်တီမီတာ)အထက်သို့ (၁)ပေခွဲကျော်ရောက်ရှိလာပြီဖြစ်ကာ နောက်တစ်ရက်အတွင်း (၄)ပေခန့် ဆက်လက်မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနိုင်ကြောင်း သိရသည်။
မိုး/ဇလ က ယနေ့ နံနက်ပိုင်းအချိန်တွင် ပထမအကြိမ် အသိပေးထုတ်ပြန်ရာ၌ မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းထုတ်ပြန်ခဲ့သည်။
ယင်းကြောင့် ယနေ့ညနေပိုင်း ဒုဋ္ဌဝတီမြစ်ရေအခြေအနေသည် စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲကျော်ရောက်ရှိလာပြီး (၄)ပေခန့်အထိ မြင့်တက်လာနိုင်သည်ဟု ထပ်မံအသိပေးထားခြင်းလည်းဖြစ်သည်။
ထို့ကြောင့် အဆိုပါမြို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် ထပ်မံနှိုးဆော်ထားသည်။
ယနေ့ မြန်မာစံတော်ချိန် (၁)နာရီခွဲ အချိန် မိုး/ဇလ၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအ ရှေ့တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ဆိုသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်အ နောက်-အနောက် မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ မနက် ဖြန် စက်တင်ဘာ (၁၄)ရက်တွင် ပိုမိုအားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အ နောက်မြောက်ပိုင်းတို့၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန် ကောင်းနေသည်ဟု အသိပေးထားသည်။
ပုံစာ – ဒုဋ္ဌဝတီမြစ်ရေတက်မှုကြောင့် ရေဝင်နစ်မြုပ်မှုကြုံရသည့် ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသည့် မြင်ကွင်း (ဓာတ်ပုံ – လောကပါလ လူမှုကူညီရေးအသင်း)




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
