မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ရှိအချိန်၌ ရေပိုလွှဲမှရေကျော်နေသည့် ရေလှောင်တမံ ၆၃ ခုရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဦးကောင်းမြတ်ဟိန်းကပြောသည်။
“လက်ရှိမှာ ရေပိုလွှဲကရေကျော်စီးဆင်းနေတဲ့ ရေလှောင်တမံ ၆၃ ခုရှိပါတယ်။ ရေလှောင်တမံတွေမှာ ကန်ရေပြည့်အမှတ်ဆိုတာရှိတယ်။ ကန်ရေပြည့်အမှတ်ကိုကျော်ပြီး ရေစီးဝင်တဲ့အခါ ရေပိုလွှဲကနေစီးထွက်ပြီး မူလချောင်းထဲကို ပြန်ရောက်သွားပါတယ်။ ဒါ့ကြောင့် ရေပိုလွှဲကနေ ရေကျော်စီးဆင်းပြီး မူလချောင်းထဲကို ပြန်စီးဝင်နေတဲ့ ရေလှောင်တမံ ၆၃ ခု ရှိတယ်လို့ ဆိုလိုတာပါ”ဟု ညွှန်ကြားရေးမှူးဦးကောင်းမြတ်ဟိန်းကပြောသည်။
ဌာန၏ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစီမံချက်အရ ထိုသို့ ရေကျော်စီးဆင်းချိန်တွင် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ်သတ်မှတ်၍ အစိမ်းရောင်အလံအား ရေလှောင်တမံနှင့် တမံအောက်ရှိ ကျေးရွာများတွင်စိုက်ထူကာ အသိပေးမှုများပြုလုပ်ပေးသည်ဟု ပြောသည်။
“ဒီအခြေအနေမှာ ဒေသခံတွေအနေနဲ့စိုးရိမ်ဖို့ မရှိပါဘူး။ ရေပိုလွှဲက ရေကျော်ပြီဆိုတာကိုသိရှိနိုင်အောင်ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီလို အခြေအနေကနေ ရေမှတ်ထပ်တက်လာပြီး ရေလှောင်တမံရဲ့ ရေကြီးမှတ်ကိုရောက်တဲ့အခါ အရေးပေါ်အခြေအနေ အဆင့်(၂)အဖြစ်သတ်မှတ်ပြီး အဝါရောင်အလံကိုလွှင့်ထူပါတယ်”ဟု ညွှန်ကြားရေးမှူးဦးကောင်းမြတ်ဟိန်းကပြောသည်။
ထို့အတူ ရေလှောင်တမံထိပ်၏အပြင်သို့ ရေကျော်နိုင်သည့် အခြေအနေဖြစ်ပေါ်လာပါက တမံကျိုးပေါက်နိုင်သော အခြေအနေရှိ၍ အရေးပေါ်ရွှေ့ပြောင်းမှုများလုပ်ဆောင်နိုင်ရန် အနီရောင်အလံကို အရေးပေါ်အခြေအနေ အဆင့်(၃) အဖြစ်စိုက်ထူအသိပေးကာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးမှုများပြုလုပ်သည်ဟု ပြောသည်။
သို့သော်လည်း လက်ရှိအချိန်တွင် တမံ ၆၃ ခု၌ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူထားကာ အဝါရောင်အလံ စိုက်ထူထားသော တမံမရှိသေးဟု ညွှန်ကြားရေးမှူးဦးကောင်းမြတ်ဟိန်းက ပြောကြားခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
