ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကလောနှင့် ယင်းမာပင်ကြားတွင် ယနေ့ စက်တင်ဘာ(၁၃)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ပြိုကျမှုများကြောင့် လျှပ်စစ်မီးတိုင်များအားလုံး နီးပါးလဲကျခြင်း၊ ကတ္တရာလမ်းများပြိုကျခြင်းများ ဖြစ်ပွားခဲ့ပြီး လမ်းပိုင်းပိတ်ဆို့နေကြောင်း အဆိုပါလမ်းပိုင်းအတွင်း ကိုယ်တိုင်သွားလာခဲ့သူ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ထို့ကြောင့် လမ်းပိုင်းတာဝန်ရှိသူများမှ စက်ယန္တယားများဖြင့် လိုက်လံရှင်းလင်းပေးနေပြီ ဖြစ်သော်လည်း အချိန်ယူပြင်ဆင်ရမည့်အခြေအနေဖြစ်သည်ဟု ၎င်းကပြောသည်။
” အခုရှမ်းတောင်ကနေ ရှမ်းမြောက်ကိုပြန်ဖို့က ဟိုပုံးဘက်က ပြန်လို့မရတော့ဘူး။ ရပ်စောက်ဘက်ကပဲ ရမယ်။ ရပ်စောက်ဘက်လည်း ရေကြီးနေတော့ အင်တောနဲ့ တောင်နီကြားက အရိုးခေါင်းတောင်ပေါ့ အဲ့ဒီကြားမှာ ရေတော်တော်တက်တယ်။ ဇော်ဂျီ ရေလှောင်တမံက ရေတွေပေါ့။ မနက်ဖြန်တော့ တောင်ကြီးကနေ ရှမ်းမြောက်ဘက်ကို ရပ်စောက် လမ်းနဲ့ ဟိုပုံးလမ်း နှစ်လမ်းမှာ တစ်လမ်း ကနေ မိုးလေဝသအခြေအနေကြည့်ပြီးတော့သွားရမှာပဲ။ လမ်းပိုင်းတွေပိတ်နေလို့ တောင်ကြီးမှာ (၄)ရက်လောက်ရှိပြီ မပြန်နိုင်တာ”ဟု အဆိုပါ ဒေသခံ ခရီးသွားသူအမျိုးသားကပြောသည်။
ယနေ့ ညနေ(၄)နာရီဝန်းကျင်တွင်လည်း မိုးသည်းထန်စွာ ထပ်မံရွာသွန်းနေသောကြောင့် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ထပ်မံဖြစ်ပွားနိုင်သည့်အတွက် လမ်းပိုင်း အခြေအနေအား စုံစမ်း၍ သွားလာကြရန်လိုကြောင်း သိရသည်။
ဓာတ်ပုံ-ဒေသတွင်း ခရီးသွားတစ်ဦး















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
