မဇ္စျိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒက အလှူငွေ ကျပ်သိန်း ၁၀၀၀ မတည်ပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ဆရာတော်က ကျပ်သိန်း ၅၀၀ မတည်ကာ ဆရာတော်ဦးဆောင်သော မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးက ကျပ်သိန်း ၅၀၀ စုစုပေါင်း မတည်ငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရေဘေးအလှူအတွက် ရွှေနဒီရွှေရည်ကုမ္ပဏီလီမိတက်က ကျပ်သိန်း ၁၅၀၊ မြအဏ္ဏဝါပွဲရုံမိသားစု ကျပ်သိန်း ၁၀၀၊ ဖျာပုံမြို့မှ ဂဠုန်မင်းစိန်ရွှေဆိုင်က ကျပ်သိန်း ၅၀၊ ဒေါက်တာယုယုထွေးမိသားစုကျပ်သိန်း ၅၀၊ EMPEROR DUMPLINGS, U.S.A မိသားစုက အမေရိကန်ဒေါ်လာ ၁၀၀၀၊ ဒေါက်တာမျိုးလွင်-ဒေါ်စန်းစန်းဝေ U.S.A မိသားစုက အမေရိကန်ဒေါ်လာ ၁၀၀၀၊ အပါအဝင် တစ်ဦးချင်းလှူဒါန်းသူ အများအပြားလည်း ဆရာတော်ကြီး၏ ဦးဆောင်သည့် မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးသို့ ပေးပို့လှူဒါန်းထားကြောင်း ဆရာတော်၏ လူမှုကွန်ရက် ပေ့ချ်တွင်ဖော်ပြထားသည့် အလှူရှင်စာရင်းများအရ သိရသည်။
ယင်းလှူဒါန်းငွေများကို ရေဘေးသင့်ဒေသများသို့ မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးက ကိုယ်တိုင်သွားရောက်လှူဒါန်းမည်ဖြစ်ပြီး အချို့သောနေရာများတွင် ဒေသခံဦးဆောင်သူများနှင့် ဆက်သွယ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
