နိုင်ငံအနှံ့တွင် လတ်တလောဖြစ်ပွားနေသည့် ရေကြီးရေလျံမှုများကြောင့် ကယ်ဆယ်ရေး မော်တော်ယာဉ်များအား Max Highway မှ တိုးဂိတ်များတွင် အခမဲ့ဖြတ်သန်းခွင့်ပြုဟု စက်တင်ဘာ ၁၃ ညပိုင်းက Max Highway Co Ltd ၏ Facebook စာမျက်နှာတွင် ကြေညာသည်။
ဘေးဒုက္ခကြုံတွေနေရသည့် မြို့ရွာအသီးသီးမှ ရေဘေးသင့်သူများကို ကူညီကယ်ဆယ်ပေးနိုင်ရန်အတွက် အဘက်ဘက်မှဆောင်ရွက်ပေးနေကြသည့် ရေဘေးကယ်ဆယ်ရေး မော်တော်ယာဉ်များအား Max Highwayမှ BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းမကြီးများ၏ တိုးဂိတ်များတွင် အခမဲ့ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါ Max Highway Co Ltd က ထုတ်ပြန်သည်။
ထို့ပြင် စက်တင်ဘာ ၁၂ ရက်ကလည်း New Day ဆီဆိုင်က နေပြည်တော်သို့ ရေဘေးလာကူမည့် ပရဟိတယာဉ်အစီး ၁၀၀ အတွက် တစ်စီးလျှင် စက်သုံးဆီ ၁၀ ဂါလံနှုန်း လှူဒါန်းမည်ဟု ကြေညာခဲ့သည်။
လှုဒါန်းမည့် စက်သုံးဆီဆိုင်မှာ နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့၊သပြေလှသက်ကယ်ကျင်းရပ်၊ ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိ New Day စက်သုံးဆီအရောင်းဆိုင်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်နယ်မြေ တပ်ကုန်း၊ လယ်ဝေးနှင့် ပျဉ်းမနားဒေသများသို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာမည့် ပရဟိတအသင်းများမှ ကယ်ဆယ်ရေး လူနာတင်ယာဉ်များကို ယာဉ်တစ်စီးလျှင် စက်သုံးဆီ ၁၀ ဂါလံနှုန်းဖြင့် ကယ်ဆယ်ရေးလူနာတင်ယာဉ် အစီးရေ ၁၀၀ တိတိအား စက်သုံးဆီများ အခမဲ့ဖြည့်တင်းလှူဒါန်းပေးမည်ဖြစ်ကြောင်း၊ စက်သုံးဆီလာရောက်ဖြည့်တင်းသော ရေဘေးကယ်ဆယ်ရေး လူနာတင်ယာဉ်ကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားမည်ဖြစ်ပြီး New Day Energy Co Ltd ၏ Facebook စာမျက်နှာတွင် ဖော်ပြပေးမည်ဖြစ်ကြောင်း အဆိုပါဆီဆိုင်က ထုတ်ပြန်ခဲ့သည်။
ယင်းကြောင့်ရေဘေးကယ်ဆယ်ရေး လူနာတင်ယာဉ်များအနေဖြင့် စက်သုံးဆီလိုအပ်ပါက နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့ New Day စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီ အခမဲ့လာရောက်ဖြည့်တင်းနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
