ရတနာပုံအသင်းသည် ၂၀၁၈ ရာသီမှ စတင်ကာ ပြည်တွင်းကစားသမားများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးရာသီဆက်တိုက် နိုင်ငံခြားသားကစားသမား မခေါ်ယူဘဲ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ယခင်က ၂၀၂၀ ရာသီ ဝက်တွင် နိုင်ငံခြားသားကစားသမားခေါ်ယူရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မခေါ်ယူဖြစ်ဘဲ ပြည်တွင်းကစားသမားများဖြင့် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
ရတနာပုံအသင်းနည်းပြချုပ် ဦးအောင်ကျော်မိုးက MNL ပြိုင်ပွဲတွင် ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်နေသော်လည်း လက်ရွေးစင်အသင်းများကို အထောက်အကူ ဖြစ်စေရန် ပံ့ပိုးပေးနိုင်၍ ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။
ရတနာပုံအသင်းသည် ၂၀၁၈ ရာသီမှ စတင်ကာ ပြည်တွင်းကစားသမားများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးရာသီဆက်တိုက် နိုင်ငံခြားသားကစားသမား မခေါ်ယူဘဲ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ယခင်က ၂၀၂၀ ရာသီ ဝက်တွင် နိုင်ငံခြားသားကစားသမားခေါ်ယူရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မခေါ်ယူဖြစ်ဘဲ ပြည်တွင်းကစားသမားများဖြင့် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
" နိုင်ငံခြားသားကစားသမားတွေ ပါလာရင် အသင်းအနေနဲ့ ပိုကောင်းလာနိုင်ပေမယ့် လက်ရှိအနေအထားကလည်း လက်ရွေးစင်အသင်းတွေကို အထောက်အကူဖြစ်အောင် ပံ့ပိုးပေးနိုင်တဲ့အတွက် ကျေနပ်ပါတယ်။ နိုင်ငံခြားသားကစားသမားတွေခေါ်ရင် နောက်ခံလူ၊ ကွင်းလယ်နဲ့ တိုက်စစ်နေရာတွေ ခေါ်တာများပါတယ်။ နိုင်ငံခြားသား ကစားသမားမခေါ်ယူတဲ့အတွက် အသင်းမှာ ပြည်တွင်းကစားသမားတွေ ကစားခွင့်ပိုရပါ တယ်။ ကစားသမားတွေအနေနဲ့ ပွဲများများ ကစားခွင့်ရမှ တိုးတက်မှုရှိမှာပါ" ဟု ဦးအောင်ကျော်မိုးက ပြောကြားခဲ့သည်။
ရတနာပုံအသင်းသည် အသင်းစတင်တည်ထောင်ချိန်ကတည်းက ၂၀၁၇ ရာသီအထိ ကိုးရာသီဆက်တိုက် နိုင်ငံခြားသား ကစားသမားများ အသုံးပြုခဲ့ပြီး အောင်မြင်မှုများလည်း ရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းသည် ပြည်တွင်းပြိုင်ပွဲများအနက် MNL အမှတ်ပေးချန်ပီယံဆု လေးကြိမ်၊ MNL CUP ပြိုင်ပွဲ ချန်ပီယံဆု တစ်ကြိမ်ရထားပြီး အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။
ရတနာပုံအသင်းသည် ပရိုလိဂ်ကူးပြောင်းပြီးနောက် ကျင်းပသည့်ပြိုင်ပွဲများအနက် ရှုံးထွက်ပြိုင်ပွဲ တွင်သာ ချန်ပီယံဆုမရယူနိုင်သေးခြင်းဖြစ်ပြီး ကျန်သည့်ပြိုင်ပွဲများတွင် ချန်ပီယံဆုရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းတွင် လက်ရွေး စင်အဆင့် ကစားသမားအများစု ပါဝင်ကစားလျက်ရှိပြီး ထိုင်းကလပ်များတွင် အငှားသွားရောက်ကစားနေသည့် အောင်သူမှာလည်း အသင်းတွင် ပြန်လည်ကစားလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
