ယင်းပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်ကစားသမားအများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဘုန်းမြင့်ကျော်အနေဖြင့် Elite Tour တတိယဇုန်ပြိုင်ပွဲအပြီးတွင် ယခုပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပြိုင်ပွဲများဆက်တိုက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) မောင်မောင် (ခ) အားတီသည် တရုတ်နိုင်ငံ၌ကျင်းပမည့် Joy Master ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်ကစားသမားအများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဘုန်းမြင့်ကျော်အနေဖြင့် Elite Tour တတိယဇုန်ပြိုင်ပွဲအပြီးတွင် ယခုပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပြိုင်ပွဲများဆက်တိုက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
"Elite Tour ပြိုင်ပွဲအပြီးမှာ Joy Master ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်အတွက် အောင်မြင်မှုရဖို့နဲ့ အတွေ့အကြုံရဖို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီနှစ်ထဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲတွေမှာ အောင်မြင်မှုရခဲ့တဲ့ပြိုင်ပွဲတွေရှိသလို ကျရှုံးခဲ့တဲ့ပြိုင်ပွဲတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ ပြိုင်ပွဲတွေကို သင်ခန်းစာယူပြီး နောက်ထပ်ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်" ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ဘုန်းမြင့်ကျော်သည် ဧပြီကတည်းက တရုတ်နိုင်ငံ၌ ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး အဓိကပြိုင်ပွဲများအပြင် ဖိတ်ခေါ်ပြိုင်ပွဲများလည်း ယှဉ်ပြိုင်ခဲ့သည်။ ဧပြီမှ သြဂုတ်အထိ ပြိုင်ပွဲပေါင်း ၁၀ ပွဲအထက် ဝင်ရောက်ယှဉ်ပြိုင်ထားပြီး တရုတ်နိုင်ငံ၏ ထိပ် တန်း Pool ကစားသမားများသာ ယှဉ်ပြိုင်ခွင့်ရသည့် Chinese 8 Ball ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် စတုတ္ထနေရာရ ခဲ့ပြီး နောက်ထပ်အဓိကပြိုင်ပွဲဖြစ်သည့် Elite Tour 2020 ပြိုင်ပွဲတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ ယင်းပြိုင်ပွဲတွင် ဇုန် ပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ထားပြီး နောက်ဆုံးဇုန် ပြိုင်ပွဲသာ ယှဉ်ပြိုင်ရန် ကျန်ရှိတော့သည်။
ဘုန်းမြင့်ကျော်သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်မလွယ်ကူသေးဘဲ တရုတ်နိုင်ငံ၌ ဆက်လက်နေထိုင်ရမည်ဖြစ် ပြီး ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် လာမည့်ဗီယက် နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း မြန်မာ Pool အဖွဲ့ကို ဦးဆောင်ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
