ကစားသမားများသည် ရောဂါလက္ခဏာများ ပြသခဲ့ပြီး ကျန်းမာရေးအာဏာပိုင်၏ ရောဂါထိန်းချုပ်မှုစည်းမျဉ်းများ အတိုင်း သီးသန့်ထားရှိပြီးဖြစ်ကြောင်း ယင်းကြေညာချက်တွင် ရေးသားထားပြီး ကူးစက်ခံရသူများ၏အမည်များကို ဖော်ပြခြင်းမရှိခဲ့ ကြောင်း သိရသည်။
ဥရောပထိပ်တန်းအသင်းများ ဖြစ်သည့် အတ္တလန်တာနှင့် PSG အသင်းများမှာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။
အတ္တလန်တာအသင်းက ကစားသမား သုံးဦး ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု အသင်းကကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကစားသမားများသည် ရောဂါလက္ခဏာများ ပြသခဲ့ပြီး ကျန်းမာရေးအာဏာပိုင်၏ ရောဂါထိန်းချုပ်မှုစည်းမျဉ်းများ အတိုင်း သီးသန့်ထားရှိပြီးဖြစ်ကြောင်း ယင်းကြေညာချက်တွင် ရေးသားထားပြီး ကူးစက်ခံရသူများ၏အမည်များကို ဖော်ပြခြင်းမရှိခဲ့ ကြောင်း သိရသည်။
အတ္တလန်တာအသင်း အခြေစိုက်ရာ ဘာဂါမိုမြို့သည် အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်ပျံံ့နှံ့မှု အဆိုးရွားဆုံးမြို့များထဲက တစ်မြို့ဖြစ်ခဲ့သည်။ အတ္တလန်တာအသင်းသည် သြဂုတ်လ ၃၁ ရက်က လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး အီလီချစ်နှင့် နိုင်ငံတကာ ပွဲသွားကစားသည့် ကစားသမား ၁၀ ဦး မပါဝင်ခဲ့ကြောင်း သိရသည်။
PSG အသင်းတွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု သံသယရှိနေသည့် ကစားသမား နှစ်ဦး ရှိနေကြောင်း အသင်းမှ အတည်ပြုကြေညာခဲ့သည်။ ပြင် သစ်နာမည်ကြီးသတင်းစာ L'Equipe က ဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိသည့် ကစားသ မားနှစ်ဦးမှာ စပိန်နိုင်ငံ၊ အီဘီဇာသို့ အပန်း ခြေခရီးသွားရောက်ခဲ့သည့် ဒီမာရီယာနှင့် ပါရေဒက်စ်ဖြစ်ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
