ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကလပ်အသင်းများ ငွေကြေးလည်ပတ်မှုအဆင်ပြေစေရန် ကလပ်အားလုံးကို လစာတစ်ဝက်သာ ပေးချေရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း တွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းက ယခုလကုန်မှ လစာများ ပုံမှန်ရရှိမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကလပ်အသင်းများ ငွေကြေးလည်ပတ်မှုအဆင်ပြေစေရန် ကလပ်အားလုံးကို လစာတစ်ဝက်သာ ပေးချေရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
"လစာတွေက သြဂုတ်လကုန်အထိတော့ ပုံမှန်မရသေးပါဘူး။ လျှော့ချထားတဲ့အတိုင်း တစ်ဝက်ပဲရပါသေးတယ်။ ဒီလထဲမှာ ပြိုင်ပွဲတွေပြန်စမှာဖြစ်တာကြောင့် စက်တင်ဘာလကုန်ရင် လစာပုံမှန်ပေးချေမယ်လို့ သိရပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့က မဆွေးနွေးရသေးပါဘူး။ အောက်တိိုဘာမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် အသင်း နဲ့ မကြာခင်ဆွေးနွေးသွားဖို့ရှိပါတယ်" ဟု ဇော်မင်းထွန်းက Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ဇော်မင်းထွန်းသည် ၂၀၁၉ ရာသီမှစတင်ကာ ထိုင်းကလပ်အသင်းများတွင် သွားရောက်ကစားခဲ့ပြီး ၂၀၁၉ ရာသီတွင် ချောင်ဘူရီ အသင်းတွင် တစ်ရာသီကစားခဲ့ကာ ယခုရာသီတွင် ဆူခိုထိုင်းအသင်းသို့ ပြောင်းရွှေ့ ကစားနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
