ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူနှင့် မက်ဆီ၏ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီသည် အနာဂတ်အခြေအနေနှင့်ပတ်သက်၍ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂ ရက်) တွင် တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း စပိန်နိုင်ငံထုတ် Mundo Deportivo သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။
မက်ဆီသည် ဘာစီလိုနာအသင်းနှင့် လက်ကျန်စာချုပ်တစ်နှစ်ကို ဖျက်သိမ်း၍ ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသဖြင့် အသင်းနှင့် ဆက်ဆံရေးတင်းမာလျက်ရှိသည်။
Mundo Deportivo သတင်းစာ၏ ဖော်ပြမှုအရ ဟော်ဟဲမက်ဆီနှင့် ဘာတိုမူသည် လာမည့်ဗုဒ္ဓဟူး နေ့တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရထားပြီး မက်ဆီ၏အနာဂတ်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
သို့သော် ဘာစီလိုနာအသင်းအနေဖြင့် စာချုပ်လျော်ကြေး ယူရိုသန်း ၇၀၀ ရရှိမှသာ မက်ဆီကို ထွက်ခွာခွင့်ပြုဖွယ်ရှိသောကြောင့် အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရန် မလွယ်ကူကြောင်း သုံးသပ်မှုများရှိနေသည်။
လာလီဂါပြိုင်ပွဲကလည်း မက်ဆီ၏စာချုပ်လျော်ကြေးမှာ သက်တမ်းမကုန်သေးဘဲ အကျုံးဝင်နေသေးကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သောကြောင့် အခြေအနေမှာ ပိုမိုတင်းမာလာဖွယ်ရှိနေသည်။
ထို့ပြင် မက်ဆီသည် တနင်္ဂနွေနေ့ကပြုလုပ်သည့် COVID-19 ရောဂါ စစ်ဆေးမှုအစီအစဉ်သို့ လာရောက်ရန် ပျက်ကွက်ခဲ့သောကြောင့် တနင်္လာနေ့က စတင်သည့် ရာသီကြိုလေ့ကျင့်မှုအစီအစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
လာလီဂါပြိုင်ပွဲ၏စည်းမျဉ်းအရ လေ့ကျင့်မှုမစတင်မီ မဖြစ်မနေဆေးစစ်မှုခံယူရမည်ဖြစ်ပြီး မက်ဆီအပါအဝင် စီနီယာအသင်းကစားသမားအချို့ လာရောက်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
