လီဗာပူးလ်အသင်းသည် ဘာစီလိုနာအသင်းခေါ်ယူရန် ချိန်ရွယ်နေသော ဆီနီဂေါတိုက်စစ်ကစားသမား မာနေအတွက် အနည်းဆုံးပေါင်သန်း(၉၀) အလို ရှိနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး မက်ဆီကို လက်လွှတ်ခဲ့ရပါက မာနေနှင့် ပြန်လည်အစားထိုးရန် စီစဉ်နေကြောင်း သတင်းထွက်လာခဲ့ပြီးနောက် မာနေအတွက် လီဗာပူးလ်အသင်း၏ စျေးနှုန်းသတ်မှတ်မှု ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
မာနေသည် ဆောက်သမ်တန်တွင်လက်တွဲခဲ့ဖူးသည့် နည်းပြ ရော်နယ်လ်ကိုးမန်းနှင့် ပြန်လည်ပူးပေါင်းရန် ဆန္ဒရှိနေသည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။
မာနေမှာ လီဗာပူးလ်အသင်းသို့ ၂၀၁၆ ခုနှစ်က ရောက်ရှိလာခဲ့ပြီး လက်ရှိတွင် အသင်း၏အဓိကကစားသမားတစ်ဦးလည်းဖြစ်သည်။
ပြီးခဲ့သည့်ရာသီ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာ၌ (၃၅)ပွဲကစားရာတွင် (၁၈)ဂိုးသွင်းကာ (၉)ဂိုးဖန်တီးပေးခဲ့သည်။
ဘာစီလိုနာအသင်းသည် လီဗာပူးလ်အသင်းမှ ထိပ်တန်းကစားသမားများကို မြင့်မားသည့်ပြောင်းရွှေ့ကြေးနှုန်းထားများဖြင့် ခေါ်ယူခဲ့ဖူးသည့် အစဉ်အလာရှိသောအသင်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
