၂၀၂၀ AFC Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ပြိုင်ပွဲဝင်နိုင်ငံများ၌ ရောဂါပိုးကူးစက်ခံရမှု များလာသောကြောင့် ယခုနှစ်ပြိုင်ပွဲကို ဖျက်သိမ်းသွားရန် စီစဉ်နေကြောင်း နာမည်ကြီး အားကစားသတင်းဝက်ဘ်ဆိုက်ဖြစ်သည့် Goal ၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၀ AFC Cup ပြိုင်ပွဲကို ဇုန်အလိုက်အုပ်စုများအတွက် အိမ်ရှင်နိုင်ငံရွေးချယ်၍ ပြောင်းလဲကျင်းပရန် စီစဉ်ထားပြီးဖြစ်သည်။
သို့သော် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ရွေးချယ်ထားသည့် နိုင်ငံများ၌ ရောဂါပိုးကူးစက်ခံရမှုများလာသောကြောင့် အိမ်ရှင်နိုင်ငံရွေးချယ်ရန် အခက်တွေ့နေခြင်းဖြစ်ကြောင်း Goal သတင်းဌာနက ဖော်ပြသည်။
ထို့ပြင် အရှေ့အလယ်ပိုင်းဒေသအုပ်စုများအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည့်နိုင်ငံများ၌ ရောဂါပိုးကူးစက်ခံရမှုှု မြင့်တက်လာသောကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုသည့်နိုင်ငံရွေးချယ်ရာတွင် အခက် အခဲရှိနေသောကြောင့် AFC အနေဖြင့် ပြိုင်ပွဲအားဖျက်သိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ AFC Cup ပြိုင်ပွဲမှာ လက်ရှိအချိန်အထိ အုပ်စုအဆင့်ပွဲစဉ်များပင် ပြီးဆုံးသည်အထိ ယှဉ်ပြိုင်ရခြင်းမရှိသေးသဖြင့် ပြိုင်ပွဲပြီးဆုံးသည်အထိ ဆက်လက်ကျင်းပရန် အခက်အခဲရှိနေခြင်းဖြစ်သည်။
AFC သည် ပြီးခဲ့သည့် သြဂုတ်လပထမပတ်တွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့်၂၀၂၃ အာရှ ဖလား ခြေစစ်ပွဲစဉ်များကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သည်။
ထို့ပြင် မြန်မာကလပ် ရန်ကုန်အသင်းပါဝင်သည့် AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုနှစ်ခုကို ဗီယက်နမ်နိုင်ငံတွင် လက်ခံကျင်းပရန် စီစဉ်ခဲ့သော်လည်း ယခုအခါ အိမ်ရှင်နိုင်ငံပြန်လည်ရွေးချယ်ရန် စီစဉ်ထားကြောင်း သိရသည်။
ယခုနှစ် AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုအဆင့် ဒုတိယအကျော့လက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် သုံးပွဲကစား ရမှတ်ခုနစ်မှတ် ရရှိထားသောကြောင့် နောက်တစ်ဆင့်တက်ရန်အတွက် မျှော်လင့်ချက်ရှိနေသော်လည်း ရှမ်းယူနိုက်တက်အသင်းမှာမူ သုံးပွဲစလုံး ရှုံးနိမ့်ထားသည်။
အဆိုပါ အုပ်စုလက်ကျန်ပွဲစဉ်များကို စက်တင်ဘာ ၂၃၊ ၂၆၊ ၂၉ ရက်တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည်။
သို့သော် လက်ရှိအခြေအနေအရ ယင်းကာလတွင် ယှဉ်ပြိုင်ကစားနိုင်ရန် မသေချာသေးဘဲ ၂၀၂၀ AFC Cup ပြိုင်ပွဲ ဆက်လက်ကျင်းပနိုင်ခြင်းရှိမရှိကို ယခုလအတွင်း ဆုံးဖြတ်သွားမည်ဖြစ်သည်။
AFC အနေဖြင့် ရွေးချယ်စရာ အိမ်ရှင်နိုင်ငံအခက်အခဲကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းရန်စဉ်စားနေရခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
