မက်ဆီ၏ အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေစဉ် အာဂျင်တီးနားသမ္မတ ဖာနန်ဒက်ဇ်ကလည်း ငယ်စဉ်ကကစားဖူးသည့် နယူးဝဲလ်အိုးဘွိုင်းအသင်းသို့ ပြန်လည်လာရောက်ကစားရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
''မင်းက ငါတို့ရဲ့နှလုံးသားထဲမှာရှိပါတယ်။ ငါတို့နိုင်ငံမှာ မင်းကစားတာကို လုံးဝမကြည့်ဖူးပါဘူး။ မင်းရဲ့ ကစားသမားဘဝနောက်ဆုံးအချိန်ကို နယူးဝဲလ်အိုးဘွိုင်းမှာကစားပြီးတော့ ငါတို့ကို ပျော်ရွှင်မှုတွေပေးလိုက်ပါ။ ဒီအသင်းက မင်းရဲ့အသင်းပါပဲ''ဟု ဖာနန်ဒက်ဇ်က C5N ရုပ်သံသို့ ပြောကြားသည်။
အာဂျင်တီးနားကလပ် အာဂျင်တီးနို့စ်ဂျူနီယာအသင်းကို အားပေးသည့် ဖာနန်ဒက်ဇ်က ၎င်းမှာ မာရာဒိုနာ၏ပရိသတ်တစ်ဦးဖြစ်သည်ဟုလည်း ဝန်ခံခဲ့သည်။
မက်ဆီသည် အသက်ခုနစ်နှစ်မှ ၁၃ နှစ်အထိ နယူးဝဲလ်အိုးဘွိုင်းအသင်း၌ ကစားခဲ့ဖူးပြီး ကစားသမားဘဝကိုလည်း ယင်းကလပ်တွင် အဆုံးသတ်လိုကြောင်း မကြာခဏပြောကြားဖူးသည်။
လက်ရှိအချိန်တွင်မူ မန်စီးတီးအသင်းသို့ရောက်ရှိရန် နီးစပ်နေပြီး PSG၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်အသင်းများနှင့်လည်း သတင်းထွက်လျက်ရှိသည်။
မက်ဆီသည် ပြီးခဲ့သည့် သြဂုတ်လ(၃၀)ရက်က အသင်း၏ရာသီကြို COVID-10 စစ်ဆေးမှုသို့ လာရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
