မာဆေးလ် - နိုက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၉:၃၀ နာရီ)
မာဆေးလ်က ဂရင်းဝုဒ်ရဲ့ဦးဆောင်မှုအောက်မှာ တိုက်စစ်စွမ်းပြနေပြီး အသင်းလိုက်ဟန်ချက်ပါတည်ငြိမ်နေတာတွေ့ရ တယ်။ နိုက်စ်ကလည်း ခြေစွမ်းမဆိုးလှပေမယ့် လက်ရှိအခြေအနေအရ မာဆေးလ်ကွင်းမှာ အမှတ်ရဖို့ ခက်ခဲနေဦးမှာပါ။ မာဆေးလ်ကတော့ ချန်ပီယံဆုအထိမျှော်လင့်ထားတဲ့အသင်းပီပီ အိမ်ကွင်းမှာ အမှားခံမယ်မထင်ပါဘူး။ မာဆေးလ်ပဲ ရွေးမယ်။
အော်ဇေး - မိုနာကို (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၁:၃၀ နာရီ)
မိုနာကိုကလည်း ရာသီအဖွင့်မှာ ခြေစွမ်းပြနေတဲ့အသင်း ဖြစ်ပြီး တိုက်စစ်၊ ခံစစ်ကစားပုံဟန်ချက်ညီနေတာတွေ့ရတယ်။ အော်ဇေးကတော့ နောက်ဆုံး (၂)ပွဲဆက်ရှုံးနိမ့်ထားလို့ ဖိအားများနေပြီး အခုအိမ်ကွင်းပွဲမှာ အနည်းဆုံးသရေတစ်မှတ်ရဖို့ရုန်းကန်လာပါလိမ့်မယ်။ ဒါပေမဲ့ ခြေစွမ်းနဲ့ ကစားသမားစုဖွဲ့မှုပိုသာတဲ့ မိုနာကိုပဲ နိုင်ပွဲယူသွားမှာပါ။
PSG - ဘရက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
နှစ်သင်းစလုံး ဒီပွဲအပြီးမှာပဲ ချန်ပီယံလိဂ်ပွဲတွေကစားဖို့ရှိနေပြီး အိမ်ကွင်း (၂)ပွဲဆက်ကစားရမယ့် PSG အတွက်ပို ပြီးအားသာနေတယ်လို့ ဆိုရပါမယ်။ ဘရက်စ်ကတော့ ပြီးခဲ့တဲ့ရာသီက တည်ငြိမ်မှုများမရသေးဘဲ ရာသီအစမှာအထလေးနေပြီး တိုက်စစ်ကစားလည်း ခံစစ်ကအမှားအယွင်းများနေတာ တွေ့ရတယ်။ PSG ကတော့ ရာသီအစအိမ်ကွင်းပွဲတွေမှာ အမှားခံဖို့မရှိဘဲ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ စောစောစီးစီးအ မှတ်ဖြတ်ထားဖို့ကြိုးစားမှာပါ။ ဘရက်စ်တို့ သရေတစ်မှတ်အတွက် ရုန်းကန်လာနိုင်ပေမယ့် ပါရီမြေမှာတော့ PSG ပဲ နိုင်ပွဲဆက်သွားပါလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
