လိုက်ပ်ဇစ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)
ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာပါ။ လိုက်ပ်ဇစ်အသင်း ကြားရက်မှာ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကျပ် ကစားရဖို့ရှိတာ သတိပြုရမယ်။ အူန်ယွန်းဘာလင်နဲ့ပဲ စွန့်စားချင်တယ်။
ဟော်ဖန်ဟင်မ် - လေဗာကူဆင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)
လေဗာကူဆင်အသင်းက လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ဘွန်ဒစ်လီဂါရှုံးပွဲအရသာကို တစ်နှစ်ကျော်ကြာမှ ပြန်မြည်းစမ်းခဲ့ရတယ်။ အခုပွဲမှာလည်း လေဗာကူဆင်အသင်းအပေါ် ရှုံးပွဲပြန်တွေ့မှုရဲ့ရိုက်ခတ်မှု ရှိလာနိုင်တယ်။ ဟော်ဖန်ဟင်မ်အသင်းကလည်း အိမ်ကွင်းအားက သာမန်ထက်သာ လွန်တဲ့အဆင့်ထဲမှာ ပါဝင်ပါတယ်။ ဂိုးပြတ်မရှုံးနိုင်တဲ့ ဟော်ဖန်ဟင်မ်ပဲ ကြိုက်တယ်။
ဖရိုင်းဘတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)
ဖရိုင်းဘတ်အသင်းက အိမ်ကွင်းရာသီအဖွင့်မှာ စတုဂတ်လိုအသင်းကိုတောင် အနိုင်ကစားထားတယ်။ ဖရိုင်းဘတ် အနိုင်သေချာပါတယ်။
ဝုလ်ဖ်ဘတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)
(၃)မှတ်စီ ရထားတဲ့အသင်းတွေဖြစ်ပြီး ဝုလ်ဖ်ဘတ်က ဘိုင်ယန်၊ ဖရန့်ဖတ်က ဒေါ့မွန်တို့နဲ့ ဆုံတွေ့ခဲ့လို့ ရှုံးပွဲတွေ့ထားတာပါ။ ဝုလ်ဖ်ဘတ် အမှတ်ရလိမ့်မယ်။
မိုချန်ဂလာဘတ် - စတုဂတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)
ဒီပွဲပြီးရင် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကစားရမယ့် စတုဂတ်အသင်း အာရုံစိုက်နိုင်ဖို့ မရှိပါဘူး။ မိုချန်ဘက်ကပဲ ရပ်တည်သင့်တယ်။
ဟော်စတိုင်ကီလ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၁:၀၀ နာရီ)
ဘိုင်ယန်အသင်း ကြားရက်မှာကစားရမယ့် ချန်ပီယံလိဂ်ပွဲက ဒိုင်နမိုဇာဂရက်နဲ့ဖြစ်နေလို့ ဖိအားကင်းနေတယ်။ တန်းတက် ဟော်စတိုင်ကီလ်ကတော့ နှစ်ပွဲစလုံး အရေးနိမ့်ခဲ့တယ်။ ဘိုင်ယန် ဂိုးပြတ်လိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
