ကိုမို - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၇:၃၀ နာရီ)
(၂)သင်းစလုံးနိုင်ပွဲပျောက်ဆုံးနေပြီး ကိုမိုက ဒီရာသီ သူတို့ရဲ့ စီးရီးအေပထမဆုံးအိမ်ကွင်းပွဲကို စကစားရမယ်။ ဘိုလော့ဂ်နာက ပြီးခဲ့တဲ့ ရာသီကပုံစံမျိုးမရှိသေးဘူး။ ကိုမိုကို ရွေးချယ်ချင်ပါတယ်။
အမ်ပိုလီ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၀:၃၀ နာရီ)
အမ်ပိုလီက အသင်းကောင်းတစ်သင်းဖြစ်ပြီး လက်ရှိချိန်အထိ ရှုံးပွဲမရှိသေးဘူး။ ရိုးမား၊ ဘိုလော့ဂ်နာတို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ပေမဲ့ အဲဒီ(၂)ပွဲမှာ (၄)မှတ်အထိ ရယူနိုင်ခဲ့တယ်။ ဂျူဗင်တပ်စ်ကလည်း ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာတဲ့အသင်းပါ။ နည်းပြသစ် မော့တာလက်ထဲက ဂျူ ဗင်တပ်စ်အသင်းကို အသွင်တစ်မျိုးနဲ့ မြင်နေရပြီး လက်ရှိချိန်အထိလည်း ပေးဂိုးမရှိသေးဘူး။ အဝေးကွင်းဖြစ်ပေမဲ့ ဂျူဗင်တပ်စ်အနိုင်ရဖို့များပါတယ်။ (၂)သင်းပေါင်းသွင်းဂိုး နည်းနိုင်တယ်။
အေစီမီလန် - ဗင်နီဇီယာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁:၁၅ နာရီ)
အေစီမီလန်က စီးရီးအေ (၃)ပွဲကစားပြီးချိန်မှာ တစ်ပွဲ (၂)ဂိုးနှုန်းပေးထားရတယ်။ ခံစစ်က လျော့တိလျော့ရဲနိုင်နေပြီး နည်းပြ ဖွန်ဆီကာအနေနဲ့ ပြုပြင်ဖို့ လိုအပ်နေပါပြီ။ ဗင်နီဇီယာက တိုက်စစ်အားနည်းတဲ့အသင်းဖြစ်ပြီး စီးရီးအေနောက်ဆုံး (၂)ပွဲဆက် ဂိုးပေါက်ပျောက်ထားတယ်။ ဒါ့အပြင် အဝေးကွင်း ဆိုရင် ဗင်နီဇီယာအသင်း သိသိသာသာကျဆင်းသွားတတ်ပါတယ်။ အေစီမီလန် နိုင်ပွဲစယူလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
