မာယော့ကာ - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၆:၃၀ နာရီ)
ဒီရာသီအစ ဗီလာရီးယဲလ်ရဲ့ခြေစွမ်းက မာဆယ်လီနိုလက်ထဲ တိုးတက်လာနေတာတွေ့ရတယ်။ လက်ရှိရှုံးပွဲမရှိသေးတဲ့ (၅)သင်းထဲမှာ ဗီလာရီးယဲလ်လည်းပါနေပြီး ခံစစ်မငြိမ်သေးပေမယ့် တိုက်စစ်နဲ့ဂိုးသွင်းအားပိုကောင်းလာတာက အားသာချက်လိုဖြစ်နေတယ်။ ဒီပွဲအတွက် အဓိကအဆုံးအဖြတ်ပေးမှာ က မာယော့ကာရဲ့ခံစစ်ကစားပုံဖြစ်ပြီး အိမ်ရှင်ရဲ့တိုက်စစ်အားကိုခုခံနိုင်မလားစောင့်ကြည့်ရမှာပါ။ သရေပွဲလို့ပဲမှန်းထားမယ်။
အက်စ်ပန်ညို - အလာဗတ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၄၅ နာရီ)
အက်စ်ပန်ညိုရဲ့အိမ်ကွင်းကစားအားက ပုံမှန်နီးပါးပြန်ဖြစ်လာနေပါပြီ။ ဒါ့ပြင် အလာဗတ်စ်ကလည်း အဝေးကွင်းကစားပုံနဲ့ ဂိုးသွင်းနှုန်းအတက်အကျမြန်တဲ့အသင်းဖြစ်လို့ အက်စ်ပန်ညိုကွင်းမှာ အမှတ်ရဖို့မလွယ်လောက်ဘူးထင်တယ်။ လက်ရှိခြေစွမ်းအရလည်း အက်စ်ပန်ညိုတို့ အိမ်ကွင်းမှာ အမှတ်ပြည့်ရဖို့ ပဲအားထုတ်လာမှာပါ။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပဲ ရွေးထားမယ်။
ဆီဗီလာ - ဂီတာဖေး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၁:၀၀ နာရီ)
(၂)သင်းစလုံးနိုင်ပွဲမရကြသေးဘူးဆိုပေမယ့် ဂီတာဖေးက ရှုံးပွဲမရှိသေးအောင်ပါ ကစားပြထားတဲ့အသင်းဖြစ်နေတယ်။ ဆီဗီလာကတော့ အိမ်ကွင်းမှာတောင် ရှုံးပွဲတွေဆက်နေတဲ့အထိ အသင်းက ကျနေသလိုတွေ့ရတယ်။ လက်ရှိဆီဗီလာရဲ့ခြေစွမ်းနဲ့ တော့ ဂီတာဖေးကိုအနိုင်ရဖို့လွယ်ဦးမယ်မထင်ဘူး။ ဂီတာဖေးရဲ့ ကွင်းမရွေးရုန်းကန်နိုင်စွမ်းက ဆီဗီလာကို အခက်တွေ့စေဦးမှာပါ။ ဂီတာဖေးနဲ့ ဂိုးအနည်းကပိုကောင်းလိမ့်မယ်။
ဆိုစီဒက် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်တို့ တာထွက်ကောင်းအောင် ကြိုးစားနေရချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့် အခက်အခဲတော့ရှိနေနိုင်တယ်။ အထူးသဖြင့် ကွင်းလယ်မှာ ဒဏ်ရာရသူတွေများနေလို့ အသင်းရဲ့အဓိက ခါးရိုးအားလျော့သလိုလည်းဖြစ်နေတယ်။ နောက်ပြီး အသင်းတွင်းကစားသမားတွေအကြားမှာလည်း အ ချင်းချင်းမကျေလည်တာမျိုးတွေပါဖြစ်လာနေလို့ ရီးယဲလ်ကို အန်ဆယ်လော့တီတစ်ယောက် ပြန်တည်ငြိမ်အောင်မနည်းလုပ်ယူနေရတဲ့ပုံစံမျိုးလည်း တွေ့နေရတယ်။ ဆိုစီဒက်ရဲ့ ရာသီအစခြေစွမ်းက အရင်လိုမတည်ငြိမ်ပေမယ့် အိမ်ကွင်းကစားနိုင်စွမ်းကိုတော့ လျှော့တွက်လို့မရဘူး။ ရာသီအစအိမ်ကွင်း (၂)ပွဲစလုံးရှုံး ထားလို့လည်း အခုရီးယဲလ်နဲ့ပွဲမှာ သိက္ခာပြန်ဆယ်နိုင်ဖို့ အားစိုက်လာမှာပါ။ ဒါ့ပြင် ရီးယဲလ်ရဲ့ ဒီရာသီအဝေးကွင်းခြေစွမ်းအားနည်းနေမှုကြောင့် ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
