ဆောက်သမ်တန် - မန်ယူ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ညနေ ၆:၀၀ နာရီ)
ဆောက်သမ်တန်က ဒီရာသီမှာ ပွဲတိုင်းရှုံးထားတယ်။ ရှုံးတဲ့ပွဲတိုင်းလည်း ကစားပုံက သိပ်အားရစရာမရှိဘူး။ ရပ်ဆဲလ်မာတင်က အရည်အသွေးမြင့်နည်းပြတစ်ဦးဆိုပေမယ့် အသင်းက အားနည်းပါတယ်။ ငွေအများကြီးသုံးထားပေမယ့် အရည်အသွေးနိမ့်နေတယ်။ မန်ယူနိုက်တက်က ဒီပွဲမှာတော့ နိုင်ပွဲရသင့်ပါတယ်။ လက်ရှိခြေစွမ်းက အရမ်းလည်း မညံ့ပါဘူး။ ကပ်နိုင်ဖို့တော့ ရှိပါတယ်။
ဘရိုက်တန် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၃၀ နာရီ)
ဘရိုက်တန်က ဒီရာသီမှာ ရှုံးပွဲမရှိကစားထားတယ်။ အာဆင်နယ်နဲ့ပွဲတုန်းကလည်း တစ်ဦးအသာရပြီးနောက်ပို်င်းမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တယ်။ ဘရိုက်တန်ရဲ့ တိုက်စစ်အင်အားစုက အရည်အသွေးမြင့်မားလွန်းပြီး အစ်ဝစ်ချ်ရဲ့ ခံစစ်ထိန်းချုပ်နိုင်မယ် မထင်ဘူး။ အစ်ဝစ်ချ်က ကစားအားကောင်းပေမယ့် အရည်အသွေးပိုင်းနိမ့်ပါတယ်။ ဘရိုက်တန်ပဲ နိုင်လိမ့်မယ်။
ခရစ္စတယ်ပဲလေ့စ် - လက်စတာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၃၀ နာရီ)
ပဲလေ့စ်ရော၊ လက်စတာပါ ဒီရာသီမှာ နိုင်ပွဲမရသေးပါဘူး။ နှစ်သင်းစလုံးက (၃) ပွဲ ကစားပြီးချိန်မှာ သရေတစ်ပွဲ၊ ရှုံးပွဲ (၂) ပွဲစီ တွေ့ထားတယ်။ ပဲလေ့စ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးဆီကနေ အမှတ်ယူနိုင်ခဲ့တာတွေ့ရတယ်။ ဒီနှစ်သင်း ပရီးမီးယားလိဂ်မှာ နောက်ဆုံးတွေ့ခဲ့တုန်းက ပဲလေ့စ်က မာတက်တာရဲ့အနိုင်ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲကလည်း ပဲလေ့စ်အလေးသာတဲ့ပွဲပါပဲ။
ဖူလ်ဟမ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၃၀ နာရီ)
ဖူလ်ဟမ်က ဒီရာသီ ပွဲစဉ် (၃) ပွဲမှာ (၄) မှတ်ရထားတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အစ်ဝစ်ချ်နဲ့ သရေကျခဲ့တယ်။ ဝက်စ်ဟမ်းကတော့ မန်စီးတီးနဲ့ပွဲမှာ တော်တော်လေးကစား ပုံကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ (၁-၃) ဂိုးနဲ့ ရှုံးခဲ့တယ်။ (၂-၂) ဖြစ်နိုင်မယ့် အခြေအနေမှာ ကူဒူးစ်ရဲ့ အခွင့်အရေးတိုင်မထိခဲ့ရင် ဒီထက်ပိုလုပ်နိုင်မှာပါ။ ဒီပွဲမှာတော့ ဝက်စ်ဟမ်း ဖူလ်ဟမ်ဆီက အမှတ်ယူနိုင်မယ်ထင်တယ်။
လီဗာပူးလ် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၃၀ နာရီ)
လီဗာပူးလ်က နည်းပြ အာနယ်ဆလော့နဲ့အတူ တာထွက်လှပြီး အမြင့်ပျံသန်းနေတယ်။ ဒီရာသီမှာမန်စီးတီးနဲ့အတူ ရာသီအဖွင့် (၃) ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲယူထားတယ်။ တိုက်စစ်ပိုင်းကစားသမားတွေကလည်း ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်တာတွေ့ရတယ်။ လူးဝစ်ဒီယက်ဇ်နဲ့ မိုဆာလာတို့ အကောင်းဆုံးပုံစံပြနေပါတယ်။ လီဗာပူးလ်ကို ဖောရက်စ် ထိန်းနိုင်မှာ မဟုတ်ဘူး။ လီဗာပူးလ်ပဲ နိုင်မယ်။
မန်စီးတီး - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၃၀ နာရီ)
နိုင်ငံတကာဘရိတ်အပြီး ပြန်စတဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ်။ စီးတီးက လက်ရှိအချိန်မှာ ရာသီအစမှာပဲ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး အသင်းလိုက်ပုံစံကလည်း Great Shape မှာ ရှိနေတယ်။ ဒီရာသီမှာ (၃) ပွဲဆက်နိုင်ပွဲ ရယူထားတယ်။ ကစားခဲ့တဲ့ (၃) ပွဲမှာ (၂) ပွဲက တစ်ဂိုးစီပြန်ပေးရပေမယ့် တိုက်စစ်ပိုင်းက အရမ်းအားကောင်းလွန်းတယ်။ (၃) ပွဲကို (၉) ဂိုးနဲ့ တစ်ပွဲပျမ်းမျှ (၃) ဂိုးသွင်းထားတယ်။ အသင်းရတဲ့ (၉) ဂိုးမှာ ဟာလန်းတစ်ဦးတည်းက ဟက်ထရစ် (၂) ကြိမ်အပါအဝင် (၇) ဂိုးသွင်းထားတယ်။ ဘရန့်ဖို့ဒ်က ဝစ်ဆာ၊ အမ်ဘူမိုတို့ ခြေစွမ်းပြ အတွဲညီနေပေမယ့် စီးတီးကို တားဆီးဖို့ ခက်တယ်။ ဆေဗင်ညို၊ ဖိုဒန်တို့အပြင် ရိုဒရီလည်း ပြန်လာပြီ။ ကစားရမှာကလည်း အိမ်ကွင်းဖြစ်နေတယ်။ မန်စီးတီး သက်သောင့်သက်သာပဲ နိုင်မယ့်ပွဲပါ။
အက်စတွန်ဗီလာ - အဲဗာတန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၁:၃၀ နာရီ)
အက်စတွန်ဗီလာက (၃) ပွဲ ကစားပြီးချိန်မှာ ရမှတ် (၆) မှတ်နဲ့ အဆင့် (၇) နေရာမှာ ရပ်တည်နေတယ်။ အဲဗာတန်ကတော့ ဘုန်းမောက်နဲ့ပွဲမှာ (၂) ဂိုးပြတ် ဦးဆောင်ပြီးမှ ပွဲပြီးခါနီး (၃) ဂိုးဆက်တိုက်ပေးပြီး ရှုံးခဲ့လို့ ဒီရာသီမှာ ရာနှုန်းပြည့် ရှုံးပွဲဆက်နေတဲ့အသင်းပါ။ လက်ရှိ ခြေစွမ်းအရအများကြီး ကွာသလို ကစားသမားအင်အားလည်း ကွာပါတယ်။ အိုနာနာက အသင်းဟောင်းနဲ့ ပြန်တွေ့မှာဖြစ်ပြီး ဗီလာပဲ ကြိုက်တယ်။
ဘုန်းမောက် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
အာရီယိုလာရဲ့ ဘုန်းမောက်က လျှော့မတွက်သင့်တဲ့ အသင်းဖြစ်ပြီး ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတယ်။ ချယ်လ်ဆီးက ဒီရာသီမှာ ရလဒ်တွေက မငြိမ်ဘူး။ ပရီးမီးယားလိဂ်မှာလည်း ဝုလ်ဗ်ကို ဂိုးပြတ်နိုင်ထားပြီး မန်စီးတီးကိုရှုံး၊ ပဲလေ့စ်ကို သရေကျထားတယ်။ ကစားသမားအရည်အသွေးပိုင်းအရ ချယ်လ်ဆီးသာပေမယ့် စိတ်ဓာတ်ပိုင်းနဲ့ စုဖွဲ့မှုမှာ ဘုန်းမောက်ကို ပိုကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
